အနာေလးမွ မေသရေလေအာင္ (Scrub typhus )

ပုိးေကာင္ေသးေသးေလး ကုိက္ရာကေန အသက္ေသဆုံးတ့ဲအထိ ျဖစ္ႏုိင္တဲ့ ေရာဂါတစ္ခု အေၾကာင္းကုိ ေျပာျပခ်င္ပါတယ္။ အခုလက္ရွိ အရမ္းအျဖစ္မ်ားေနတဲ့ ေရာဂါ တစ္ခုလည္း ျဖစ္ပါတယ္။ Scrub typhus လုိ႔ေခၚပါတယ္။

ဒီေရာဂါဟာ Orientia tsutsugamushi လုိ႔ ေခၚတဲ့ ဘက္တီးရီးယားပုိး ကူးစက္ခံထားရတဲ့ ပုိးမႊားေကာင္ေလးေတြ ကုိက္ရင္ ျဖစ္တတ္ပါတယ္။ အေရွ႔ေတာင္အာရွရဲ႔ ေက်းလက္ေဒသေတြ ျခဳံထူတဲ့ ေနရာေတြမွာ အျဖစ္မ်ားပါတယ္။ ျမန္မာႏုိင္ငံမွာလုိ ပုိးမႊားေကာင္ေတြ ေပါမ်ားတဲ့ ေနရာေတြမွာလည္း ဒီေရာဂါကုိ ေတြ႔ရေလ့ ရွိပါတယ္။

ဒီေရာဂါရဲ႔ လကၡဏာေတြကေတာ့

  • ခ်မ္းတုန္ျပီး ဖ်ားတာ ( မ်ားေသာအားျဖင့္ အဖ်ားၾကီးတတ္ပါတယ္ ၊ ၁၀၂ ႏွင့္ အထက္ျဖစ္တတ္တယ္။ အဖ်ားတာရွည္တတ္တယ္)
  • ေခါင္းကုိက္တာ
  • ကုိယ္ေတြလက္ေတြနာျပီး ၾကြက္သားေတြနာက်င္ကုိက္ခဲတာ
  • အက်ိတ္ေတြၾကီးေနတာ
  • အနီစက္ေတြ ထြက္တာေတြ ျဖစ္တတ္ပါတယ္။ ( ပန္းေရာင္လုိ အနီေရာင္လုိ အစက္ေလးေတြ ထြက္တတ္တယ္။ ရင္ဘတ္ကေန စထြက္တတ္တယ္။ လက္ေတြေျခေတြကုိ ပ်ံ႔သြားတတ္တယ္။ ဒါေပမယ့္ မ်က္ႏွာေတြ ၊ လက္ဖဝါးေျခဖဝါးေတြမွာ မထြက္တတ္ဘူး)
  • သူ႔မွာ ထူးျခားတာ တစ္ခုက အကုိက္ခံရတဲ့ ေနရာမွာ အနားသားေတြမွာ မဲေနတဲ့ အနာေဖးပုံမ်ဳိး အနာတစ္ခု ရွိေနတတ္ပါတယ္။
  • ပ်ဳိ႔အန္တတ္တယ္
  • ဗုိက္ေအာင့္တာတုိ႔ ၊ ဝမ္းသြားတာတုိ႔ေတြလည္း ျဖစ္တတ္ပါေသးတယ္။
  • ခါးနာတတ္တယ္။ ေခ်ာင္းဆုိးတာမ်ဳိးေတြလည္း ရွိတယ္။
  • မ်က္စိနာတတ္တယ္။
  • စိတ္အာရုံေထြျပားတာကေန သတိလစ္တာ ၊ coma ဝင္သြားတာမ်ဳိးေတြ ထိျဖစ္ႏုိင္တယ္။

ေရာဂါပုိး ကူးစက္ခံရျပီး ၁၀ ရက္ကေန ၁၄ ရက္အတြင္းမွာ ေရာဂါ လကၡဏာေတြကုိ ခံစားရတတ္တယ္။  ေရာဂါလကၡဏာေတြ ဆုိးဝါးျပင္းထန္ရင္ အသက္ဆုံးရႈံးရတဲ့အထိ ျဖစ္ႏုိင္တယ္။

ဒီေရာဂါကုိ ရွရွားႏုိင္ငံက Primorski Krai မွာ စတင္ေတြ႔ရွိခဲ့တာျဖစ္ျပီး အေရွ႔ေတာင္အာရွ ၊ အိႏိၵယ စတဲ့ ႏုိင္ငံေတြကုိ ကူးစက္ပ်ံ႔ႏွံသြားတာျဖစ္တယ္။ လူေတြကုိ ကူးစက္မႈ႔အေနနဲ႔ကေတာ့ ဒုတိယကမာၻစစ္ေလာက္မွာ အၾကီးအက်ယ္ ကူးစက္ခံရျပီး လူေသႏႈန္း ၆% ကေန ၃၅% ေက်ာ္ထိ ရွိခဲ့တယ္။ လူလူခ်င္း တုိက္ရုိက္ကူးစက္ေလ့ မရွိေပမယ့္ ပုိးမႊားတစ္ခုခုကေန တဆင့္ ကူးစက္တတ္ပါတယ္။

ဘက္တီးရီးယားပုိး ရွိေနတဲ့ ပုိးမႊားေတြဟာ ၾကြက္ေတြ ဒါမွမဟုတ္ တျခားအင္းဆက္စား သတၱဝါေတြကုိ  ကူးစက္ရင္းကတဆင့္ လူကုိ ကူးစက္ပ်ံႏွံ႔ျခင္း ျဖစ္ပါတယ္။ ကမ်ဥ္းနီေကာင္ ကုိက္ျခင္း၊ လယ္ကြင္းထဲက မႊားေကာင္ ၊ သန္းေကာင္ေတြနဲ႔ ပုိးမႊားေတြ ကုိက္ျခင္းကေနလည္း ကူးစက္ခံရတတ္ပါတယ္။

ဒါေၾကာင့္ လယ္ကြင္းေတြ ေက်းလက္ေဒသေတြကုိ ခရီးသြားထားတဲ့သူေတြ ၊ ဒီေရာဂါ အျဖစ္မ်ားတဲ့ ကူးစက္ပ်ံႏွံ႔ေနတဲ့ ေနရာကုိ ခရီးသြားထားတဲ့  သူေတြမွာ အျပင္းဖ်ားျပီး အဖ်ားရက္ရွည္ေနရင္ မေပါ့သင့္ပါဘူး။ အသက္အႏၱရာယ္ ရွိႏုိင္တဲ့အထိ ျပင္းထန္ဆုိးဝါးတဲ့အတြက္ နီးစပ္ရာ ေဆးရုံေဆးခန္းေတြမွာ သြားေရာက္ျပသျပီး ေဆးကုသမႈ႔ ခံယူသင့္ပါတယ္။ ဒီေရာဂါ ဟုတ္မဟုတ္ ေသြးစစ္တာေတြ ၊ အသားစ စစ္ေဆးမႈ႔ေတြ ျပဳလုပ္သင့္ပါတယ္။ ပုိးသတ္ေဆးနဲ႔ ဒီေရာဂါကုိ ေပ်ာက္ကင္းသက္သာေအာင္ ကုသလု႔ိ ရပါတယ္။

မကုသဘဲ ထားရင္

  • အၾကားအာရုံ ဆုံးရႈံးတာ
  • ကုိယ္တြင္း အဂၤါေတြ ထိခုိက္ပ်က္စီးတာ
  • ေက်ာက္ကပ္ ပ်က္စီးတာ
  • ေသြးေပါင္က်တာ
  • သတိလစ္တာ ၊ တက္တာေတြထိ ျဖစ္တတ္ပါတယ္။
  • ဒါ့အျပင္ အသားပုတ္နာေတြလည္း ျဖစ္ႏုိင္ေခ် ရွိပါေသးတယ္။

ၾကဳိတင္ ကာကြယ္ဖုိ႔အတြက္ ကာကြယ္ေဆးေတြ ဘာေတြေတာ့ မရွိေသးပါဘူး။ ခ်ဳံႏြယ္ပိတ္ေပါင္းေတြ အရမ္းမ်ားတဲ့ ေနရာေတြကုိ ေရွာင္ၾကဥ္သင့္ပါတယ္။ မျဖစ္မေနသြားရမယ္ဆုိ အင္းဆက္သတ္ေဆးေတြကုိ အဝတ္အစားေတြ အေရျပားေတြမွာ လိမ္းက်ံတာမ်ဳိးေတြ လုပ္သင့္ေၾကာင္း တုိက္တြန္းမွာၾကားရင္း ဒီေဆာင္းပါးေလးကုိ နိဂုံးခ်ဳပ္ခ်င္ပါတယ္။

Author : Dr. ေမ

Unicode version

ပိုးကောင်သေးသေးလေး ကိုက်ရာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါတစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။ အခုလက်ရှိ အရမ်းအဖြစ်များနေတဲ့ ရောဂါ တစ်ခုလည်း ဖြစ်ပါတယ်။ Scrub typhus လို့ခေါ်ပါတယ်။

ဒီရောဂါဟာ Orientia tsutsugamushi လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံထားရတဲ့ ပိုးမွှားကောင်လေးတွေ ကိုက်ရင် ဖြစ်တတ်ပါတယ်။ အရှေ့တောင်အာရှရဲ့ ကျေးလက်ဒေသတွေ ခြုံထူတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလို ပိုးမွှားကောင်တွေ ပေါများတဲ့ နေရာတွေမှာလည်း ဒီရောဂါကို တွေ့ရလေ့ ရှိပါတယ်။

ဒီရောဂါရဲ့ လက္ခဏာတွေကတော့

ချမ်းတုန်ပြီး ဖျားတာ ( များသောအားဖြင့် အဖျားကြီးတတ်ပါတယ် ၊ ၁၀၂ နှင့် အထက်ဖြစ်တတ်တယ်။ အဖျားတာရှည်တတ်တယ်)
ခေါင်းကိုက်တာ
ကိုယ်တွေလက်တွေနာပြီး ကြွက်သားတွေနာကျင်ကိုက်ခဲတာ
အကျိတ်တွေကြီးနေတာ
အနီစက်တွေ ထွက်တာတွေ ဖြစ်တတ်ပါတယ်။ ( ပန်းရောင်လို အနီရောင်လို အစက်လေးတွေ ထွက်တတ်တယ်။ ရင်ဘတ်ကနေ စထွက်တတ်တယ်။ လက်တွေခြေတွေကို ပျံ့သွားတတ်တယ်။ ဒါပေမယ့် မျက်နှာတွေ ၊ လက်ဖဝါးခြေဖဝါးတွေမှာ မထွက်တတ်ဘူး)
သူ့မှာ ထူးခြားတာ တစ်ခုက အကိုက်ခံရတဲ့ နေရာမှာ အနားသားတွေမှာ မဲနေတဲ့ အနာဖေးပုံမျိုး အနာတစ်ခု ရှိနေတတ်ပါတယ်။
ပျို့အန်တတ်တယ်
ဗိုက်အောင့်တာတို့ ၊ ဝမ်းသွားတာတို့တွေလည်း ဖြစ်တတ်ပါသေးတယ်။
ခါးနာတတ်တယ်။ ချောင်းဆိုးတာမျိုးတွေလည်း ရှိတယ်။
မျက်စိနာတတ်တယ်။
စိတ်အာရုံထွေပြားတာကနေ သတိလစ်တာ ၊ coma ဝင်သွားတာမျိုးတွေ ထိဖြစ်နိုင်တယ်။

ရောဂါပိုး ကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါ လက္ခဏာတွေကို ခံစားရတတ်တယ်။ ရောဂါလက္ခဏာတွေ ဆိုးဝါးပြင်းထန်ရင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တယ်။

ဒီရောဂါကို ရှရှားနိုင်ငံက Primorski Krai မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှ ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကို ကူးစက်ပျံ့နှံသွားတာဖြစ်တယ်။ လူတွေကို ကူးစက်မှု့အနေနဲ့ကတော့ ဒုတိယကမ္ဘာစစ်လောက်မှာ အကြီးအကျယ် ကူးစက်ခံရပြီး လူသေနှုန်း ၆% ကနေ ၃၅% ကျော်ထိ ရှိခဲ့တယ်။ လူလူချင်း တိုက်ရိုက်ကူးစက်လေ့ မရှိပေမယ့် ပိုးမွှားတစ်ခုခုကနေ တဆင့် ကူးစက်တတ်ပါတယ်။

ဘက်တီးရီးယားပိုး ရှိနေတဲ့ ပိုးမွှားတွေဟာ ကြွက်တွေ ဒါမှမဟုတ် တခြားအင်းဆက်စား သတ္တဝါတွေကို ကူးစက်ရင်းကတဆင့် လူကို ကူးစက်ပျံနှံ့ခြင်း ဖြစ်ပါတယ်။ ကမျဉ်းနီကောင် ကိုက်ခြင်း၊ လယ်ကွင်းထဲက မွှားကောင် ၊ သန်းကောင်တွေနဲ့ ပိုးမွှားတွေ ကိုက်ခြင်းကနေလည်း ကူးစက်ခံရတတ်ပါတယ်။

ဒါကြောင့် လယ်ကွင်းတွေ ကျေးလက်ဒေသတွေကို ခရီးသွားထားတဲ့သူတွေ ၊ ဒီရောဂါ အဖြစ်များတဲ့ ကူးစက်ပျံနှံ့နေတဲ့ နေရာကို ခရီးသွားထားတဲ့ သူတွေမှာ အပြင်းဖျားပြီး အဖျားရက်ရှည်နေရင် မပေါ့သင့်ပါဘူး။ အသက်အန္တရာယ် ရှိနိုင်တဲ့အထိ ပြင်းထန်ဆိုးဝါးတဲ့အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ပြသပြီး ဆေးကုသမှု့ ခံယူသင့်ပါတယ်။ ဒီရောဂါ ဟုတ်မဟုတ် သွေးစစ်တာတွေ ၊ အသားစ စစ်ဆေးမှု့တွေ ပြုလုပ်သင့်ပါတယ်။ ပိုးသတ်ဆေးနဲ့ ဒီရောဂါကို ပျောက်ကင်းသက်သာအောင် ကုသလု့ိ ရပါတယ်။

မကုသဘဲ ထားရင်

အကြားအာရုံ ဆုံးရှုံးတာ
ကိုယ်တွင်း အင်္ဂါတွေ ထိခိုက်ပျက်စီးတာ
ကျောက်ကပ် ပျက်စီးတာ
သွေးပေါင်ကျတာ
သတိလစ်တာ ၊ တက်တာတွေထိ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အသားပုတ်နာတွေလည်း ဖြစ်နိုင်ချေ ရှိပါသေးတယ်။

ကြိုတင် ကာကွယ်ဖို့အတွက် ကာကွယ်ဆေးတွေ ဘာတွေတော့ မရှိသေးပါဘူး။ ချုံနွယ်ပိတ်ပေါင်းတွေ အရမ်းများတဲ့ နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မဖြစ်မနေသွားရမယ်ဆို အင်းဆက်သတ်ဆေးတွေကို အဝတ်အစားတွေ အရေပြားတွေမှာ လိမ်းကျံတာမျိုးတွေ လုပ်သင့်ကြောင်း တိုက်တွန်းမှာကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ချင်ပါတယ်။

Author : Dr. မေ