နှလုံးပိုးဝင်ရောင်ရမ်းခြင်း

နှလုံးပိုးဝင်ရောင်ရမ်းခြင်းဆိုသည်မှာ နှလုံးမှာရှိသော အဆို့ရှင်များ၊ နှလုံးအတွင်းလွှာ၊ နှလုံးအခန်းတစ်ခုနဲ့တစ်ခုခြားထားသောအလွှာပျက်နေသောနေရာ စသည်တို့တွင် ပိုးဝင်ပြီး နှလုံးရောင်ခြင်းဖြစ်သည်။ ဝင်တဲ့ပိုးအများစုကတော့ ဘက်တီးရီးယားအုပ်စုဖြစ်ပါတယ်။တခြား Rickettsiaeတို့ Fungi တို့ Chlamydia အုပ်စုတွေလည်း ဝင်နိုင်ပါတယ်။ ဒီပိုးတွေကအပြင်မှာရှိနေရာကနေ ဘယ်လိုဝင်လာတာလဲ။ စားတာ၊ သောက်တာ၊ အရေပြားမှာ ထိခိုက်ရှနာရတာ သွားကျန်းမာရေးမကောင်းတာ၊ သွားနဲ့ခံတွင်းမသန့်ရှင်းတာ၊ သွားပိုးစားတာ မသန့်တဲ့နေရာမှာသွားနုတ်တာ၊ သွားစိုက်တာ တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ မူးယစ်ဆေးဝါးကို အကြောထဲ မသန့်ရှင်းတဲ့ အပ်နဲ့ထိုးသွင်းတာ စတဲ့နည်းတွေနဲ့ ဝင်နိုင်ပါတယ်။ သို့သော် ဒီပိုးတွေခန္ဒာကိုယ်ထဲဝင်တိုင်း နှလုံးပိုးဝင်ရောင်ရမ်းခြင်း ဖြစ်လားဆိုတော့ မဖြစ်ပါဘူး။ အများအားဖြင့် ခန္ဒာကိုယ်ထဲကို ပိုးဝင်ရင် ခန္ဒာကိုယ်ခုံခံအားစနစ်ကတိုက်ထုတ်လိုက်ပါတယ်။သို့သော် ခုခံအားကျဆင်းနေသူများ၊ မွေးရာပါ နှလုံးရောဂါအခံရှိသူများ၊ လေးဖက်နာပိုးရှိသူများ၊ နှလုံးအဆို့ရှင်ပျက်စီးနေသူများ ၊နှလုံးအဆို့ရှင်အစားထိုးထားရသူများ တွင်တော့ ပိုးဝင်တဲ့အခါမှာ နှလုံးပိုးဝင်ရောင်ရမ်းခြင်း ဖြစ်တာများပါတယ်။ ဘယ်လိုလက္ခဏာတွေပြလဲ။ အကြမ်းအားဖြင့်ကတော့ […]

Read More

Diet ဆိုတာ ဘာလဲ။

ဒိုင်းယက် ဒိုင်းယက်နှင့် ခဏခဏကြားဖူးကြပါလိမ့်မည်။အမှန်တကယ်သူရဲ့အဓိပ္ပာယ်ကတော့ Diet ဆိုသည်မှာ ကျွန်တော်တို့ နေ့စဉ် စားသောက်နေသော အစားအစာများကို ခေါ်ခြင်းဖြစ်သည်။ ကျွန်တော်တို့လူသားများ ကျန်းမာစွာ ဖွံဖြိုးရန် နှင့် နေ့စဉ်အလုပ်ကိစ္စများလုပ်နိုင်ရန် အတွက် စွမ်းအင် လိုအပ်ပါတယ်။ အဲ့လိုအပ်တဲ့စွမ်းအင်ကို ဘယ်ကရလဲဆိုတာ အစာစားသုံးခြင်းမှ ရပါတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့်အတိုင်း ကျန်းမာပြီး အာဟာရဖြစ်ရန်အတွက် ကျွန်တော်တို့သည် အစားအသောက်စားသောက်ရာတွင် ကစီဓါတ်၊ အဆီဓါတ်၊ ပရိုတင်းဓါတ်၊ သတ္ထူဓါတ်၊ ဗီတာမင်ဓါတ်၊ အမျှင်ဓါတ်၊ ရေဓါတ် စတဲ့ ၇မျိုးကို မျှတစွာစားသောက်ဖို့လိုသည်။ ဓါတ်တစ်မျိုးဆီက အကျိုးတစ်မျိုးစီပေးစွမ်းပါတယ်။ ၁။ကစီဓါတ် ကစီဓါတ်က တစ်နေ့တာ စွမ်းအင်လိုအပ်မှုအတွက် အဓိကကျပါတယ်။ ဥပမာ ဆန် ဂျုံ ပြောင်း အားလူး ၂။အဆီဓါတ် အဆီဓါတ်ကလည်း ကိုယ်ခန္ဒာအတွက်လိုအပ်တဲ့ စွမ်းအင်ကို […]

Read More

သားအိမ်ကင်ဆာ

ဒီတစ်ခါပြောပြချင်တာကတော့ သားအိမ်ကင်ဆာလို့အလွယ်ခေါ်တဲ့ သားအိမ်နံရံမှာ (Endometrium) မှာဖြစ်တဲ့ Ca Endometrium အကြောင်းပါ ။ မိန်းမသားတွေမှာ အဖြစ်များဆုံးကတော့ ရင်သားကင်ဆာပါ ဒုတိယအများဆုံးက အဆုတ်ကင်ဆာပါ ။ တတိယက အူမကြီးကင်ဆာ၊ စတုတ္တမြောက်အဖြစ်များဆုံးကတော့ အခုပြောမယ့် သားအိမ်ကင်ဆာပါ ။ အင်္ဂလန်မှာဆိုရင် ၁နှစ်မှာ အမျိုးသမီး ၈၄၇၅ ယောက်ဟာ သားအိမ်ကင်ဆာ ဖြစ်ပွားနေတယ်လို့ သုတေသနစာတမ်းတစ်ခုမှာ ပြောထားပါတယ်။ ဒီကင်ဆာမှာအကြမ်းအားဖြင့် အမျိုးအစား၂ခုရှိပါတယ်။ တစ်ခုကဟော်မုန်းများတာနဲ့ဆိုင်ပြီး ၊ တစ်ခုကမဆိုင်ပါဘူး ။ ဒီကင်ဆာဖြစ်ရတဲ့အကြောင်းရင်းကို သေချာမသိပေမယ့် သွေးထဲမှာအီစတိုဂျင် estrogen ဟော်မုန်းများတဲ့သူတွေမှာ ပိုဖြစ်နိုင်ချေများတယ်။ နောက်ပြီး ကလေးမမွေးဖူးတဲ့သူတွေ ၊ အဝလွန်သူတွေ ၊ဆီးချိုအခံရှိသူတွေ ၊ အသက်၅၂နှစ်နောက်ပိုင်းမှ သွေးဆုံးတဲ့အမျိုးသမီးတွေ ၊ အီစတိုဂျင် estrogen ဟော်မုန်းပါတဲ့ဆေးတွေသောက်နေတဲ့အမျိုးသမီးတွေ ဟာလည်း […]

Read More

မိခင်နို့

မိခင်နို့သည် မွေးကင်းစကလေးများအတွက် အကောင်းဆုံးအာဟာရဖြစ်သည်။ကလေးအသက်၆လထိ မိခင်နို့တမျိုးပဲတိုက်၇မည်။ရေတိုက်ဖို့မလိုပါ။ အဘယ်ကြောင့်ဆိုသော် မိခင်နို့တွင် Energy (စွမ်းအင်) 75kcal/ml  Lactose(နွားနို့တွင်ပါသောသကြားဓါတ်) 6.8g/100ml  Protein(အသားဓါတ်) 1.1g/100ml   Fat(အဆီဓါတ်) 4.5 g/100ml Sodium(ဆားဓါတ်) 7mmol/l  Water(ေ၇ဓါတ်) 87.1ml.100ml ပါဝင်လို့ပါ။ ၆လကျော်ရင်တော့ မိခင်နို့အပြင်ဖြည့်စွက်စာပါကျွေးရပါမယ်။  ဘာလို့လဲဆိုတော့ မိခင်နို့မှာပါဝင်တဲ့သံဓါတ်(Iron) ကအ၇မ်းနည်းပါတယ်။ကလေး၆လကျော်သွားရင် ကလေးအတွက်မိခင်နို့မှာပါတဲ့သံဓါတ်က မလုံလောက်တော့ပါဘူး။ ဒါကြောင့်ဖြည့်စွက်စာကျွေးရတာပါ ယနေ့လူငယ် နောင်ဝယ်လူကြီး စကားအတိုင်း လူငယ်များရဲ့အစ ကလေးဘ၀တွင် အာဟာ၇ပြည့်ဝပီး ရောဂါမ၀င်ဖို့ ကလေးဥာဏ်ကောင်းဖို့အတွက် မိခင်နို့တိုက်ဖို့အေ၇းကြီးသည်။ သို့မှသာ နောင်တွင် ကျန်းမာေ၇းကောင်း ဥာဏ်ကောင်းပီး နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော လူငယ်များပေါ်ထွက်လာပါမည်။ ကမ္ဘာ့ကျန်းမာေ၇းအဖွဲ့ WHO ကလည်း မိခင်နို့တိုက်ကျွေးေ၇း အောင်မြင်စေရန် အတွက် နှစ်စဉ် သြဂုတ်လ ၁ ရက်ကနေ ၇ ရက်ထိကို မိခင်နို့တိုက်ကျွေးေ၇း၇က်သတ္တပတ်အဖြစ်သတ်မှတ်ပီး လှုံ့ဆော်ထားပါတယ်။ မြန်မာနိုင်ငံကျန်းမာေ၇းဝန်ကြီးဌာနကလည်း မိခင်နို့တိုက်ကျွေးေ၇းအောင်မြင်ရန်အတွက်   မူဝါဒများချမှတ်ကာ ကျန်းမာေ၇းဝန်ထမ်းများကို အသိပေးထားခြင်း။    မိခင်နို့ တိုက်ကျွေးပုံကို ကျန်းမာေ၇းဝန်ထမ်းများအား သေချာလေ့ကျင့်ပေးထားခြင်း   ကိုယ်ဝန်ဆောင်မိခင်များအား နို့တိုက်ပုံစနစ်ကျစေ၇န်ကျန်းမာေ၇းဝန်ထမ်းမျာကပြန်လည်သင်ကြားပေးခြင်း မွေးပီးပီးချင်းအစောဆုံးမိခင်နို့တိုက်ကျွေးရန် ဆာတိုင်းနို့တိုက်ပေးရန် ၆လထိတခြားဘာမှမကျွေးရန် နှင့် မိခင်နို့ဧ။် ကောင်းကျိုးများအား ကိုယ်ဝန်ဆောင်မိခင်များသို့သေချာ ပြောကြားခြင်းစတဲ့ နည်းလမ်းများကို ဆောင်ရွက်နေပါသည်။ မိခင်နို့ရဲ့ကောင်းကျိုးများကတော့ မိခင်အနေနဲ့ကြည့်၇င် မွေးပီးနောက်ပိုင်းသွေးဆင်းတာ သွေးအားနည်းတာတို့ကို လျော့နည်းစေတယ် သားအိမ်ကျုံ့တဲ့နေ၇ာမှာ အားပေးတယ်။   ကုန်ကျစရိတ် နဲ့ အချိန်ကုန် လူပန်း သက်သာတယ် သားဆက်ခြားစေတယ်(98%)  ရင်သားကင်ဆာ သားဥအိမ်ကင်ဆာတွေကိုကာကွယ်ပေးတယ် မိခင်နဲ့ကလေးကြား သံယောဇဉ်ကိုတိုးစေတယ်။    မိခင်သောကကိုလျှော့ပါးစေတယ် ကလေးအနေနဲ့ကြည့်ရင် မိခင်နို့ကအကောင်းဆုံးအာဟာရပါပဲ  ကလေးမှာဖြစ်တတ်တဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ေ၇ာဂါ(Eczema, Asthma) ကင်ဆာေ၇ာဂါ (lymphoma) ဖြစ်နိုင်ချေတွေကို လျော့နည်းစေတယ် ။ ကလေး၇ဲ့၇ုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကို အကောင်းဆုံး ထောက်ပံ့ပေးတယ်  ကလေးအတွက်လိုသလောက်တိုက်လို့၇တယ် လတ်ဆတ်တယ် မိသားစုအနေနဲ့ကြည့်၇င် မိခင်နို့က၀ယ်စ၇ာမလိုတဲ့အတွက်ငွေမကုန်ဘူး။ နို့ဘူးလိုဖျော်စရာမလိုတဲ့အတွက်အချိန်မကုန်ဘူး။ နိုင်ငံအနေနဲ့ကြည့်ရင် မိခင်နို့တိုက်တဲ့အတွက် ကလေးသေနှုန်းလျှော့ကျစေတယ်။  ကျန်းမာတဲ့ မျိုးဆက်တွေကြောင့်နိုင်ငံမှာ အင်အားပြည့်ဝတယ်။ ဒီလိုဆိုတော့ အိတ်အိုင်ဗွီပိုး ရှိတဲ့မိခင်တွေေ၇ာ ကလေးကိုနို့တိုက်ရမှာလားလို့မေးစရာရှိတယ်။  ဘယ်အခြေအနေတွေမှာ မိခင်နို့မတိုက်ရဘူးလဲဆိုရင် မိခင်က ကင်ဆာဆေးတွေသောက်နေရင်  ဓါတ်ေ၇ာင်ခြည်ကုသမှုခံယူနေရင် အိတ်အိုင်ဗွီပိုးရှိရင် မတိုက်သင့်ပါ ။ နိုင်ငံတော်အတွက်ကျန်းမာသောမျိုးဆက်သစ်များထွက်ပေါ်လာစေချင်သောစေတနာဖြင့်  Author: Dr528 

Read More

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆိုတာ လူတယောက်ရဲ့ ဒုတိယမျက်နှာပါ ယနေ့ခေတ်မှာ မျက်နှာအလှအပသာမက ဆံပင်အလှအပကိုပါ အလေးထား ဂရုစိုက်လာကြပါတယ်။လူအများအမေးများကြတဲ့ဆံပင်ကျွတ်တာနဲ့ပတ်သက်တဲ့အကြောင်းအ၇ာအချို့ကိုတင်ပြချင်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူတယောက်က နေ့တိုင်းဆံပင် အချောင်း၁၀၀လောက်ကျွတ်လေ့ရှိပါတယ်။ ဒီလိုပုံမှန်အချောင်း၁၀၀လောက်ကျွတ်ရုံနဲ့တော့ ဆံပင်ကျွတ်တာကိုခံစားနေရပီလို့ ပြောလို့မ၇သေးပါဘူး။ ဆံပင်ဘာကြောင့်ကျွတ်ရတာလဲ ဆံပင်ကျွတ်တာစိုးရိမ်ဖို့လိုလား အကြောင်းရင်းတွေအများကြီးရှိပါတယ် သက်သက်မဲ့ကြိုတင်စိတ်ပူမနေဘဲ ဒီအောက်ကအချက်အလက်တွေကိုဖတ်ကြည့်ပီးအတူအဖြေရှာကြည့်၇အောင် ၁။အသားဓါတ်လုံလောက်စွာမစားခြင်း ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဟာ ကောင်းစွာအလုပ်လုပ်ဖို့ အသားဓါတ်လိုပါတယ် ဆံပင်အတွက်လည်းအတူတူပါပဲ ဆံပင်တွေကောင်းစွာ သန်မာစွာ ရှည်လျားလာဖို့ အသားဓါတ်လိုပါတယ် အသားဓါတ်ချို့တဲ့လို့ရှိရင် ဆံပင်ကျွတ်ရုံသာမက ဆံပင်အေ၇ာင်ပါ ပြောင်းလာနိုင်ပါတယ် အမျိုးသမီးတွေဟာနေ့စဉ်အနည်းဆုံး အသားဓါတ် ၄၆ ဂရမ် စားဖို့လိုအပ်ပါတယ် အမျိုးသားတွေကတော့ပိုလိုပါတယ် တခုမှာချင်တာက အသားဓါတ်ကအသားတခုတည်းက ၇တာမဟုတ်ပါ ပဲအမျိုးမျိုး စားရင်လည်းအသားဓါတ်ရနိုင်ပါတယ် ၂။စိတ်ဖိစီးမှုများခြင်း ဒါကတော့လူတော်တော်များများသိပါတယ် စိတ်ညစ်ရင် စိတ်ထိခိုက်မှုရှိရင် ဆံပင်တွေကျွတ်လာတာကတော့ လူတိုင်းကြုံတွေ့ဖူးမှာပါ ဒါပေမယ့်ဒါဟာပြသာနာမဟုတ်ပါဘူး စိတ်ထိခိုက်မှုနည်းလာတာနဲ့အမျှ ကျွတ်တာပြန်သက်သာနိုင်ပါတယ် ၃။ဓာတုဆေးတွေပါတဲ့ဆံပင်အလှကုန်များသုံးခြင်း […]

Read More