ပွဲတော် သတင်း!
(Unicode Version)
ပွဲတော် သတင်း!
ဖေဖော်ဝါရီ ၂၄ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ‘Protects What’s Good with Tetra Pak’ ပွဲတော်ကြီးတွင် စိတ်လှုပ်ရှားဖွယ်အစီအစဉ်များစွာကို ပါဝင်ဆင်နွှဲလိုက်ပါ
သင်ဟာ ကျန်းမာပျော်ရွှင်သောဘဝတစ်ခုကို ပိုင်ဆိုင်ချင်သူတစ်ဦးဆိုရင်တော့ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ Myanmar Culture Valley မှာကျင်းပပြုလုပ်မယ့် ‘Protects What’s Good with Tetra Pak’ ပွဲကိုလာရောက်ဆင်နွှဲဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ကမ္ဘာ့ထိပ်တန်း စားသောက်ကုန် ထုတ်လုပ်ရေးဆိုင်ရာနည်းပညာနှင့်  ထုပ်လုပ်ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Tetra Pak မှ ကျင်းပပြုလုပ်မယ့် ဒီပွဲကြီးမှာ သင်ကိုယ်တိုင် တက်ရောက်ဆင်နွှဲဖို့ ကျွန်ုပ်တို့အနေနှင့်ဖိတ်ခေါ်ချင်တဲ့ အကြောင်းအရာများစွာရှိတဲ့အနက် တစ်ခုတည်းသောအဓိကအချက်ကတော့ ကျန်းမာရေးအတွက်လို့ပဲပြောပါရစေ။ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးဟာ သင့်ဘဝကျန်းမာ လှပစေဖို့ အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်ပြီး ဒီပွဲကြီးမှာတော့ ကျွနု်ပ်တို့အနေနဲ့ နွားနို့ထုတ်ကုန်များ၏  ကောင်းကျိုးအာနိသင်၊ သင့်ကျန်းမာရေးနဲ့ သင်ချစ်ရတဲ့လူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ကူညီထိန်းသိမ်းပေးနေကြောင်းကို ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်။
၎င်းနည်းပညာကတော့ ထူးခြားဆန်းသစ်သောနည်းပညာတစ်ခုမဟုတ်ပဲ UHT လို့ခေါ်တဲ့ Ultra High Temperature နည်းပညာပဲဖြစ်ပါတယ်။
ဘေးဥပါဒ်မကင်းတဲ့အစားအစာတွေဟာ သင့်ကို ရောဂါအမျိုးအစားပေါင်း ၂၀၀ကျော်ဖြစ်စေတယ်ဆိုတာ သင်သိပါသလား။ UHT နည်းပညာဟာ နို့နှင့်နို့ထွက်ပစ္စည်းထုတ်ကုန်များမှာပါရှိနေတတ်တဲ့ ဘတ်တီးရီးယားပိုးမွှားများကို သေစေပြီး အဓိကဖြစ်တဲ့ အာဟာရဓာတ်များအား မပျောက်ပျက်အောင်ဆက်လက်ထိန်းသိမ်းပေးထားတာကြောင့် ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်။
Tetra Pak ဆိုတာ အစားအသောက်နဲ့ အချိုရည်လုပ်ငန်းအတွက် တိုးတက်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပြီး အစားအသောက်တွေမှာပါဝင်တဲ့ အာဟာရများကို အပြည့်အဝထိန်းသိမ်းပေးနိုင်တဲ့ UHT နည်းပညာကို ပထမဦးဆုံးတီထွင်အသုံးပြုခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ UHT နည်းပညာနဲ့ ပိုးသတ်တဲ့အခါမှာ ထုတ်ကုန်များကို အလွန်မြင့်မားတဲ့အပူချိန် (140°C) မှာ စက္ကန့်အနည်းငယ်ကြာအပူပေးပြီး ပိုးမွှားများကို သေစေပြီး  စက္ကန့်ပိုင်းအတွင်းအလျှင်အမြန်ပြန်လည်အအေးခံပေးပါတယ်။
ပိုးမွှားကင်းစင်တဲ့စက္ကူဘူးများဖြင့်ထုတ်ပိုးထားတဲ့ UHT နို့ နှင့် နို့ထွက်ပစ္စည်းများဟာ အအေးခန်းထဲမှာသိမ်းဆည်းစရာမလိုဘဲ လပေါင်းများစွာကြာရှည်အထားခံပြီး၊ အဖုံးမဖွင့်သရွေ့ ရေခဲသေတ္တာထဲ သိမ်းဆည်းထားစရာမလိုဘဲ  အခန်းတွင်းအပူချိန်မှာပဲသိမ်းထားနိုင်ပါတယ်။
‘Protects What’s Good with Tetra Pak’ ပွဲတော်ကြီးမှာ သင့်အနေနဲ့ Tetra Pak ရဲ့ ပိုးသတ်ထားတဲ့ စက္ကူဘူးများနဲ့ ၎င်းတို့ရဲ့ အလွှာခြောက်လွှာပါထုပ်ပိုးမှုများအကြောင်းကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ UHT နည်းပညာကို အလွှာခြောက်လွှာပါဝင်တဲ့ စက္ကူထုပ်ပိုးမှုနည်းပညာတို့ပေါင်းစပ်ထုပ်ပိုးထားတာကြောင့်  နို့ နှင့် နို့ထွက်ပစ္စည်း၊ အချိုရည်များကို အပူဒဏ်၊ အောက်စီဂျင်၊ အစိုဓာတ် နဲ့ အလင်းရောင်ထိတွေ့မှုကြောင့် အာနိသင်ကွယ်ပျောက်သွားနိုင်သော ဗီတာမင်ဓာတ်များအပါအဝင် အာဟာရဓာတ်အားလုံးပါရှိစေရန်ထိန်းသိမ်းပေးထားပါသည်။ အဆိုပါပွဲတော်နေ့မှာ သင်နဲ့ သင်ချစ်ခင်မြတ်နိုးနရ သူတွေနဲ့  ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲနိုင်စေမယ့် စိတ်လှုပ်ရှားဖွယ် ကစားစရာဂိမ်းအစီအစဉ်များ၊ စက္ကူဘူးခွံထုတ်ပိုးမှု workshop နဲ့ ဖျော်ဖြေရေးအစီအစဉ်များစွာကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
အဆိုပါပွဲမှာ ဆရာဝန်တစ်ဦးလဲဖြစ်တဲ့ သရုပ်ဆောင် ချစ်သုဝေမှ ဦးဆောင်ပြီး Tetra Pak Myanmar ရဲ့ Key Account Director ဖြစ်သူ Mr. CC Tang နှင့် အာဟာရ ပညာရှင် ဒေါက်တာ ဝင်းဝင်းမြင့်တို့မှ မနက် ၁၀ နာရီနဲ့ နေ့လည် ၁၂နာရီမှာ မနက်ခင်းဟောပြောပွဲအစီအစဉ်ဖြင့်စတင်ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ အလွှာခြောက်လွှာပါ Tetra Pak စက္ကူဘူးခွံ ရဲ့ ထုပ်ပိုးမှုလျှို့ဝှက်ချက်များ၊ ကလေးငယ်များနဲ့ မိသားစုဝင်များအတွက် အစားအသောက်ဘေးဥပါဒ်ကင်းရှင်းမှုရှိစေရန် ဆောင်ရန်ရှောင်ရန်များကို ဆွေးနွေးမျှဝေပေးသွား  မှာလည်းဖြစ်ပါတယ်။
နေ့လည်ပိုင်းအစီအစဉ်တွင် ကလေးငယ်များနဲ့ မိသားစုဝင်များအတွက် ဗဟုသုတရဖွယ် ပညာပေးအစီအစဉ်များနဲ့ ကစားစရာဂိမ်းများစွာကို ပွဲတော်စင်မြင့်ပေါ်တွင်သာမက Tetra Pak ရဲ့ စီးပွားမိတ်ဖက်များဖြစ်သော Vito, MILO, Dutch Mill, Chokchai Farm, Ovaltine, Lactasoy, Abevia, PEP, Marigold နဲ့ Cowhead တို့  ရဲ့ဂိမ်း booth များတွင်လည်း ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီးတဲ့အပြင် ပျော်စရာအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များ နဲ့ ၎င်းတို့ရဲ့ ပစ္စည်းနမူနာတိုက်ကျွေးမှုအစီအစဉ်များစွာပါရှိမှာဖြစ်ပါတယ်။
ဒါကြောင့် ယခုလာမယ့် ဖေဖော်ဝါရီလ ၂၄ရက် (တနင်္ဂနွေနေ့)၊ မနက် ၁၀နာရီမှ ၆နာရီအထိ Myanmar Culture Valley ရဲ့ ဦးဝိစာရဝင်ပေါက်ဘက်ခြမ်းမှာ ကျင်းပပြုလုပ်မယ့် ဒီပွဲကို Tetra Pak နဲ့အတူ လာရောက်ဆင်နွှဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။
သင်ချစ်ရတဲ့သူတွေနဲ့အတူ အဓိပ္ပာယ်ပြည့်ဝတဲ့ အချိန်များကိုအတူကုန်ဆုံးရင်း ‘Protects What’s Good with Tetra Pak’ ပွဲရဲ့ စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေကိုလာရောက် ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်လိုက်ပါသည်။ အသေးစိတ်သိရှိလိုပါက Tetra Pak Myanmar Facebook Page နဲ့ Tetra Pak Event Facebook Page တို့မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။