“မိုးတွင်းအစပဲ ရှိသေးတယ် သွေးလွန်တုပ်ကွေးတွေ အရမ်းဖြစ်နေတယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်နော် မိန်းမ” ကိုကျော်လင်းတစ်ယောက် ဂျာနယ်ဖတ်ရင်း မိန်းမဖြစ်သူကို လှမ်းပြောလိုက်သည်။ စုစုတစ်ယောက် သမီးငယ်ကို နို့တိုက်ရင်း သားကြီးကို ယှပ်ခတ်ပေးနေသည်။ ယောက်ျားဖြစ်သူ ပြောစကားကြောင့် အလန့်တကြားဖြစ်သွားသည်။ ” မိုးတွင်းက ဝင်ခါစပဲရှိသေးတယ်။ သွေးလွန်တုပ်ကွေးက ဖြစ်ပြီပေါ့နော်” တစ်ယောက်တည်း ငြီးမိသည်။ သားကြီးကား သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံနှစ်ကြိမ်တက်ဖူးပြီးပြီ။ နှစ်နှစ်ဆက်တိုက် ဆေးရုံတက်ရသည်။ ပထမတစ်ကြိမ်တုန်းကတော့ ဒီအတိုင်းဆေးရုံပေါ်တွင် ပုလင်းလေးခြိတ်ကာ ပြန်ဆင်းခဲ့ရသည်။ သိပ်ပြီး စိုးရိမ်စရာမရှိပါ။ ဒုတိယအကြိမ်က ပိုးဆိုးဝါးသည်။ သွေးလန့်သည့် အတွက် သွေးရေကြည်တောင် အရေးပေါ်ရှာ၍ သွင်းလိုက်ရသည်။ သွေးရည်ကြည်ကို အချိန်မှီသွင်းနိုင်လို့သာ သားလေး အသက်ကို ကယ်နိုင်ခြင်းဖြစ်သည်။ နောက်တစ်ကြိမ်ဒီလိုမျိုးဖြစ်မှာကို စုစုတစ်ယောက်ကြောက်ပါသည်။ “ဟုတ်တယ် ကျုပ်လည်း ဒါကိုပဲ […]
Category: အမျိုးသမီးနှင့်ကလေးကျန်းမာရေး
သားသားမီးမီးတို့ ဖွံ့ဖြိုးကြီးထွားတာ နောက်ကျနေပြီလား
ဇီဝက ဆေးခန်းမှာ လာပြနေကျ မိခင် ဖခင်တွေမေးလေ့ ရှိတာက “ဆရာ ၊ကျွန်တော် ကျွန်မ ကလေးက အသက် ဘယ်လောက်ရှိပြီ ၊ခုထိ စကား မပြောသေးဘူး” “ကျွန်တော် ကျွန်မ ကလေးက ခုထိ တခြားကလေးတွေလို လမ်းကောင်းကောင်း မလျှောက်သေးဘူး” ထိုထိုသော စိုးရိမ်စွာဖြင့်မေးသော မိဘများအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးလေး ကို ရေးဖြစ်ပါတယ် ။အောက်မှာ ကလေးအသက်အလိုက် ဘာတွေ ဖွံ့ဖြိုးကြီးထွားပုံ အဆင့်ဆင့်ကို ဖော်ပြထားဒပါတယ် ။ မွေးစမှ အသက် ၄လအရွယ် ကလေးများ -ဒီအရွယ်တွေမှာ ခေါင်းစခိုင်ပါတယ် ။မွေးမွေးချင်းတော့ ဘယ်ခိုင်မလဲ ။အသက် ၄လလောက်ဆိုရင် ခေါင်းကို မတ်မတ်ထောင်နိုင်ပါပြီ ။ -အရာဝတ္ထု ဒါမှမဟုတ် အမေ့မျက်နှာကို လိုက်ကြည့်တာမျိုး လုပ်တတ်ကြပါတယ်။ -ကလေး […]
မွေးစကလေးငယ်များ ပြုစုစောင့်ရှောက်ပုံ (အပိုင်း ၂)
မွေးစကလေးတွေကို မနက်တစ်ခါ ညနေတစ်ခါ လိုအပ်သလို မျက်နှာသစ်ပေးလို့ရပါတယ်။ ရေပတ်တိုက်ပေးလို့ရပါတယ်။ ရာသီဥတုပေါ်လည်းကြည့်ပါ ရေပတ်တိုက်တဲ့အခါ ရေနွေးနွေးလေးစပ်ထားပါ။ သုံးလို့သင့်တော့ရုံခွက်ထဲပြောင်းထည့်ပါ။ ဂွမ်းအသန့်လေးတွေ နဲ့ တိုက်ပေးပါ။ မျက်နှာ လည်ပင်း ဂုတ် ချိုင်း ပေါင်ခြံ လက် ခြေ စသဖြင့်ပါ တစ်ခါတိုက်မှ တစ်ခါပြင်ပါ။ ဂွမ်းတွေကို ကြိုပြီး ရေမစိမ်ထားပါနဲ့။ ရေပတ်တိုက်ပြီးတာနဲ့ မျက်နှာသုတ်ပဝါနုနုလေးတွေနဲ့ ဖွဖွသုတ်ပါ အရမ်းမပွတ်ပါနဲ့။ မွေးစကလေး ဘယ်အချိန်ရေစချိုးမလဲ။ ချက်ကြွေတဲ့ အထိတော့စောင့်ပါ။ အများဆုံးတစ်ပတ်ဆယ်ရက်ပါ။ နောက်ပိုင်းရေစချိုးလို့ရပါတယ်။ တစ်နေ့တစ်ခါလောက်ပဲ ချိုးပါ။ ရာသီဥတုကိုကြည့်ပါ။ နေ့တိုင်းချိုးပေးဖို့မလိုပါဘူး။ ကလေးငယ်လေးတွေက ရေပတ်တိုက်ပေးနိုင်ရင် လုံလောက်တတ်ပါတယ်။ မဖြစ်မနေချိုးရမယ်မဟုတ်ပါဘူး။ ပူအိုက်တဲ့ အခါတော့ချိုးပေးလို့ရပါတယ်။ ရေချိုးတဲ့အခါ တချို့က ကလေးရေချိုးခုံတွေ သုံးတတ်ကြတယ်။ မသုံးဘဲ ဒီအတိုင်းချိုးလည်းရပါတယ်။ ကလေးကိုချိုးပေးမယ့်သူက ခြေကို ဆင်းပြီး […]
မိခင်နို့
မိခင်နို့သည် မွေးကင်းစကလေးများအတွက် အကောင်းဆုံးအာဟာရဖြစ်သည်။ကလေးအသက်၆လထိ မိခင်နို့တမျိုးပဲတိုက်၇မည်။ရေတိုက်ဖို့မလိုပါ။ အဘယ်ကြောင့်ဆိုသော် မိခင်နို့တွင် Energy (စွမ်းအင်) 75kcal/ml Lactose(နွားနို့တွင်ပါသောသကြားဓါတ်) 6.8g/100ml Protein(အသားဓါတ်) 1.1g/100ml Fat(အဆီဓါတ်) 4.5 g/100ml Sodium(ဆားဓါတ်) 7mmol/l Water(ေ၇ဓါတ်) 87.1ml.100ml ပါဝင်လို့ပါ။ ၆လကျော်ရင်တော့ မိခင်နို့အပြင်ဖြည့်စွက်စာပါကျွေးရပါမယ်။ ဘာလို့လဲဆိုတော့ မိခင်နို့မှာပါဝင်တဲ့သံဓါတ်(Iron) ကအ၇မ်းနည်းပါတယ်။ကလေး၆လကျော်သွားရင် ကလေးအတွက်မိခင်နို့မှာပါတဲ့သံဓါတ်က မလုံလောက်တော့ပါဘူး။ ဒါကြောင့်ဖြည့်စွက်စာကျွေးရတာပါ ယနေ့လူငယ် နောင်ဝယ်လူကြီး စကားအတိုင်း လူငယ်များရဲ့အစ ကလေးဘ၀တွင် အာဟာ၇ပြည့်ဝပီး ရောဂါမ၀င်ဖို့ ကလေးဥာဏ်ကောင်းဖို့အတွက် မိခင်နို့တိုက်ဖို့အေ၇းကြီးသည်။ သို့မှသာ နောင်တွင် ကျန်းမာေ၇းကောင်း ဥာဏ်ကောင်းပီး နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော လူငယ်များပေါ်ထွက်လာပါမည်။ ကမ္ဘာ့ကျန်းမာေ၇းအဖွဲ့ WHO ကလည်း မိခင်နို့တိုက်ကျွေးေ၇း အောင်မြင်စေရန် အတွက် နှစ်စဉ် သြဂုတ်လ ၁ ရက်ကနေ ၇ ရက်ထိကို မိခင်နို့တိုက်ကျွေးေ၇း၇က်သတ္တပတ်အဖြစ်သတ်မှတ်ပီး လှုံ့ဆော်ထားပါတယ်။ မြန်မာနိုင်ငံကျန်းမာေ၇းဝန်ကြီးဌာနကလည်း မိခင်နို့တိုက်ကျွေးေ၇းအောင်မြင်ရန်အတွက် မူဝါဒများချမှတ်ကာ ကျန်းမာေ၇းဝန်ထမ်းများကို အသိပေးထားခြင်း။ မိခင်နို့ တိုက်ကျွေးပုံကို ကျန်းမာေ၇းဝန်ထမ်းများအား သေချာလေ့ကျင့်ပေးထားခြင်း ကိုယ်ဝန်ဆောင်မိခင်များအား နို့တိုက်ပုံစနစ်ကျစေ၇န်ကျန်းမာေ၇းဝန်ထမ်းမျာကပြန်လည်သင်ကြားပေးခြင်း မွေးပီးပီးချင်းအစောဆုံးမိခင်နို့တိုက်ကျွေးရန် ဆာတိုင်းနို့တိုက်ပေးရန် ၆လထိတခြားဘာမှမကျွေးရန် နှင့် မိခင်နို့ဧ။် ကောင်းကျိုးများအား ကိုယ်ဝန်ဆောင်မိခင်များသို့သေချာ ပြောကြားခြင်းစတဲ့ နည်းလမ်းများကို ဆောင်ရွက်နေပါသည်။ မိခင်နို့ရဲ့ကောင်းကျိုးများကတော့ မိခင်အနေနဲ့ကြည့်၇င် မွေးပီးနောက်ပိုင်းသွေးဆင်းတာ သွေးအားနည်းတာတို့ကို လျော့နည်းစေတယ် သားအိမ်ကျုံ့တဲ့နေ၇ာမှာ အားပေးတယ်။ ကုန်ကျစရိတ် နဲ့ အချိန်ကုန် လူပန်း သက်သာတယ် သားဆက်ခြားစေတယ်(98%) ရင်သားကင်ဆာ သားဥအိမ်ကင်ဆာတွေကိုကာကွယ်ပေးတယ် မိခင်နဲ့ကလေးကြား သံယောဇဉ်ကိုတိုးစေတယ်။ မိခင်သောကကိုလျှော့ပါးစေတယ် ကလေးအနေနဲ့ကြည့်ရင် မိခင်နို့ကအကောင်းဆုံးအာဟာရပါပဲ ကလေးမှာဖြစ်တတ်တဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ေ၇ာဂါ(Eczema, Asthma) ကင်ဆာေ၇ာဂါ (lymphoma) ဖြစ်နိုင်ချေတွေကို လျော့နည်းစေတယ် ။ ကလေး၇ဲ့၇ုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကို အကောင်းဆုံး ထောက်ပံ့ပေးတယ် ကလေးအတွက်လိုသလောက်တိုက်လို့၇တယ် လတ်ဆတ်တယ် မိသားစုအနေနဲ့ကြည့်၇င် မိခင်နို့က၀ယ်စ၇ာမလိုတဲ့အတွက်ငွေမကုန်ဘူး။ နို့ဘူးလိုဖျော်စရာမလိုတဲ့အတွက်အချိန်မကုန်ဘူး။ နိုင်ငံအနေနဲ့ကြည့်ရင် မိခင်နို့တိုက်တဲ့အတွက် ကလေးသေနှုန်းလျှော့ကျစေတယ်။ ကျန်းမာတဲ့ မျိုးဆက်တွေကြောင့်နိုင်ငံမှာ အင်အားပြည့်ဝတယ်။ ဒီလိုဆိုတော့ အိတ်အိုင်ဗွီပိုး ရှိတဲ့မိခင်တွေေ၇ာ ကလေးကိုနို့တိုက်ရမှာလားလို့မေးစရာရှိတယ်။ ဘယ်အခြေအနေတွေမှာ မိခင်နို့မတိုက်ရဘူးလဲဆိုရင် မိခင်က ကင်ဆာဆေးတွေသောက်နေရင် ဓါတ်ေ၇ာင်ခြည်ကုသမှုခံယူနေရင် အိတ်အိုင်ဗွီပိုးရှိရင် မတိုက်သင့်ပါ ။ နိုင်ငံတော်အတွက်ကျန်းမာသောမျိုးဆက်သစ်များထွက်ပေါ်လာစေချင်သောစေတနာဖြင့် Author: Dr528
မေ့ရင်သွေးကို ဘယ်မှာ မွေးရပါ့ ။
ကာလရည်ကြည် သန္ဓေတည်ပြီဆိုတာနဲ့ မိဘအလောင်းအလျာတို့ အဖို့ “ဗိုက်ဘယ်မှာ အပ်ရမလဲ ၊ဘယ်သူနဲ့အပ်ရမလဲ” စတာတွေနဲ့ အာရုံများရတဲ့ အပြင် “ရင်သွေးကို ဆေးရုံမှာ မွေးသင့်သလား ၊အိမ်မှာ မွေးသင့်သလား” ဆိုတဲ့ ဒွိဟ တွေနဲ့ ဦးနှောက်ခြောက်ရမှာပါ ။မိခင်လောင်းတို့ကို ဆေးရုံမှာမွေးပါလို့ ဆိုလိုက်တာ နဲ့ တော်တော်များများက ကြောက်တတ်ကြပါတယ် ။ဆေးရုံကို လူတိုင်းကြောက်တတ် တာ သဘာဝပါ ။အချိန်လွန်မှ ရောက်လာရင် မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်နိုင်ပါ တယ် ။ဒါပေမယ့် ရောဂါတကယ်ဖြစ်လာရင် ဆေးရုံကပဲ အပြည့်စုံဆုံး ကုသမှု ပေးနိုင် တာပါ ။ဘယ်သူတွေကို ဆေးရုံမှာ မွေးသင့်သလဲ ဆိုတာ ဒီဆောင်းပါးမှာ ပြောပြပါ့ မယ် ။ ၁) သားဦး မိခင် သားဦး မိခင်များဟာ မမွေးဖူး […]
ကိုယ်ဝန်ဆောင်အမျိုးသမီးများ ခံစားရတတ်သော ဝေဒနာများ (၃)
ကျန်ရှိနေသေးတဲ့ ကိုယ်ဝန်ဆောင်နေစဉ် ခံစားရတတ်သော ဝေဒနာ များဖြစ်တဲ့ ဆီးမကြာခဏသွားခြင်း ၊ ဝမ်းချုပ်ခြင်း ၊လိပ်ခေါင်း ၊ခါးနဲ့ ဆီးခုံရိုး ဝေဒနာ တွေအကြောင်း ဒီဆောင်းပါးလေးမှာ ဆက်လက်ဖော်ပြပါ့မယ် ။ ဆီးမကြာခဏ သွားခြင်း ကိုယ်ဝန်ဆောင်စဉ်တွင် ကျောက်ကပ်သည် နဂိုထက် ဆီးပိုမိုထုတ် လုပ်ရပါတယ် ။ဒါဟာ ကိုယ်ဝန်ရှိပြီး ပထမ ၃လအတွင်းမှာ အဖြစ်များတယ် ။မွေးခါ နီး ကိုယ်ဝန် ၈လ ၊၉လတွင်လည်း ဖြစ်တတ်တယ် ။ဘာလို့လဲဆိုရင် မွေးဖွားချိန် နီးကပ်လာတာမို့ ရင်သွေးငယ်ရဲ့ ဦးခေါင်းဟာ ဝမ်းဗိုက်အောက် ဆီးစပ်သို့ဆင်းလာ တဲ့အခါ သားအိမ်ရှေ့မှာ ရှိတဲ့ ဆီးအိမ်ကို ဖိအားပေးသလို ဖြစ်စေတာမို့ ဖြစ်ပါတယ်။ သတိထားရမယ့် အချက်တွေက ဆီးမကြာခဏသွားတာအပြင် ဆီးအရောင် မကောင်း ၊ဆီးအဖြူအနည်ကျခြင်း ၊ခြေလက်ဖောရောင်ခြင်း […]
သွေးလွန်တုပ်ကွေးကာကွယ်ပေး
မိုးရာသီရောက်တော့မယ် မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတွေအများကြီးရှိတဲ့အထဲကမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို ပြောပြချင်ပါတယ် သွေးလွန်တုပ်ကွေးရောဂါဟာ Flavi ဗိုင်းရပ်စ်ပိုးတွေထဲကမှ DHF ဗိုင်းရပ်စ် ကြောင့်ဖြစ်တာပါ Aedes aegypti လို့ခေါ်တဲ့ခြင်တွေကိုက်တာကနေတဆင့် သွေးလွန်တုပ်ကွေးရောဂါကူးပါတယ် ဒီ ခြင်အမျိုးအစားကို မြန်မာလိုခေါ်တော့ ခြင်ကြားပေါ့ ခြင်တွေကိုကြည့်လိုက်တဲ့အခါ ကိုယ်ထည်မှာအစင်းကြားတွေရှိနေလို့ပါ ဒီခြင်တွေက နေ့လည်းဘက်မှာ ထွက်လာတတ်ကြတယ် အစားရှာစားကြတယ် လူတွေရဲ့သွေးကိုစုပ်ယူတတ်ကြတယ် ဒီခြင်တွေက သိပ်ဝေးဝေးမပျံနိုင်ဘူး နီးနီးနားနားလောက်မှာပဲ ပျံနေတတ်ကြတယ် ဒါကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်နေတယ်ဆို တခြားအနားမှာဘယ်သူတွေဖြစ်သေးလဲ မေးတတ်ကြတာပါ ခြင်ဆေးဖျန်းတဲ့အခါလည်း တစ်အိမ်ထဲဖျန်းတာမဟုတ်ဘဲ အနားဝန်းကျင်တွေပါ ဖျန်းတတ်ကြတာပါ သွေးလွန်တုပ်ကွေးရောဂါမှာ အမျိုးအစားလေးမျိုးရှိပါတယ် တစ်မျိုးတည်းတော့ခဏခဏပြန်မဖြစ်တတ်ပေမယ့် တစ်မျိုးပြီးတစ်မျိုး တော့ ဖြစ်တတ်ပါတယ် ဒါကြောင့်တချို့သောကလေးတွေမှာ သွေးလွန်တုပ်ကွေးကိုနှစ်တိုင်းဖြစ်နေတယ်ဆိုပြီးပြောတတ်ကြတာပါ သွေးလွန်တုပ်ကွေးရောဂါက အရင်ကတော့ကလေးတွေ မြီးကောင်ပေါက်အရွယ်တွေလောက်မှာပဲ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် သွေးလွန်တုပ်ကွေးရောဂါမှာ အဆင့်တွေသတ်မှတ်ထားပါတယ် ဒါကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်တိုင်းဆေးရုံတင်စရာမလိုတာပါ အရေးကြီးတဲ့ […]
ကိုယ်ဝန်ဆောင်နှင့် သားပျက်ခြင်း
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ ဆိုရိုးရှိတာနဲ့အညီ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အရာခပ်သိမ်းကို ကျန်းမာရေးပြည့်စုံမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ဘဝတစ်သက်တာကျန်းမာဖို့၊ သန္ဓေတည်စကတည်းက စတင်လို့ ကျန်းမာသန်စွမ်းတဲ့ကလေးမွေးဖွားနိုင်ဖို့ ပြုစုဖို့ကာကွယ်ရပါမယ်။ မကျန်းမာ၊ အင်္ဂါမစုံဘဲ မွေးခဲ့ရင်ကာယကံရှင်ကိုယ်တိုင် လူ့လောကမှာ တင့်တင့် တယ်တယ်မရှိတဲ့အပြင် မိခင်ဖခင်ရဲ့ ပတ်ဝန်းကျင်မှာလည်း အဲဒီကလေးဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ အချို့ကိုယ်ဝန် ပျက်ကျ၊ အချို့ကိုယ်ဝန်ဖျက်ချ၊ အချို့ အသေမွေးဖွားခြင်းတို့ အမျိုးမျိုးဖြစ်တတ်တယ်။ ပျက်ကျတဲ့ အမျိုးအစားတွေကတော့ – (က) ပျက်မည်ဖြစ်တဲ့ ကိုယ်ဝန် (Threatened Abortion) (ခ) ပျက်မည်အမှန်ဖြစ်ခြင်း (Inevitable Abortion) (ဂ) စုံလင်စွာ ပျက်ခြင်း (Complete Abortion) (ဃ) မစုံမလင် ပျက်ခြင်း (Incomplete […]
ကိုယ်ဝန်ဆောင်အမျိုးသမီးများခံစားရသောဝေဒနာများ ၁
ဒီဆောင်းပါးမှာတော့ မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်နေစဉ် ခံစားရတတ်တဲ့ ဗာဟီရ ဝေဒနာများအကြောင်းကို ပြောပြပါ့မယ် ။ခုလို သိထားခြင်းအား ဖြင့် ဘယ်လက္ခဏာကဖြင့် အရေးကြီးတယ် ၊ဆရာဝန်နဲ့ ပြဖို့လိုတယ်လို့ သိပြီး မိမိတို့ ကိုယ်ဝန်ကို မွေးတဲ့အထိ ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်ကြမှာပါ ။ အစားအသောက်ပျက်ခြင်း ၊မူးဝေ ၊ပျို့အန်ခြင်း ၊အစားအစာအနံ့တောင်မခံနိုင်ခြင်း ဤလက္ခဏာသည် မပြောပလောက်ဘူးဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တော်တော် များများ ခံစားရသည့် အခံရခက်သည့် ဝေဒနာပင် ။ဤ ဝေဒနာကို ရာသီမထိန်မီ ကိုယ်ဝန်ရှိမှန်းမသိခင်ကပင် စတင်ခံစားရတတ်သည် ။အများအားဖြင့် ကိုယ်ဝန်ရှိပြီး ၄ပတ်မှ ၁၂ပတ်အတွင်း ခံစားရတတ်သည် ။၁၂ပတ်ကျော်လျှင်တော့ တဖြည်းဖြည်း ပျောက်သွားတတ်သည် ။တချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ၁၉ပတ်ထိ ခံစားရ နိုင်သေးတယ် ။ အဓိကကတော့ ကိုယ်ဝန်ဆောင်နေစဉ် ဟိုမုန်းလ်ဓာတ်အပြောင်းအလဲတွေကြောင့် ဖြစ်ရတာပါ ။အီစထရိုဂျင်လို့ခေါ်တဲ့ […]
ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခံစားရတတ်သော ဝေဒနာများ ၂
ကိုယ်ဝန်ဆောင်နေစဉ် ကြုံတွေ့ရတတ်သော ဝေဒနာများ အိပ်မပျော် ခြင်း ၊ရင်တုန်ခြင်းမောခြင်း ၊ရင်ဝတွင် မီးစနဲ့ ထိုးသလိုပူခြင်း ၊ တံတွေးတပျစ်ပျစ်ထွေး ခြင်းကို ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြပါ့မယ် ။ အိပ်မပျော်ခြင်း မိခင်လောင်းတို့ရဲ့ ကိုယ်ထဲရှိ သန္ဓေသားသည် တဖြည်းဖြည်း ကြီးထွား လာသဖြင့် ကိုယ်ဝန်ဆောင်မိခင်များမှာ သန္ဓေသားရဲ့ လှုပ်ရှားမှုကြောင့် အိပ်မပျော်ဘဲ ရှိတတ်တယ် ။အထူးသဖြင့် သားဦးကိုယ်ဝန်ဆောင်သည့် မိခင်လောင်းတို့မှာ ပိုခံစားရ တတ်တယ် ။အိပ်ရေးမဝက ကိုယ်ဝန်ဆောင်မိခင်များ ပိုပြီး ပင်ပန်းနွမ်းနယ်တတ်သဖြင့် မိမိတို့ ကိုယ်ဝန်စောင့်ရှောင်မှုခံယူနေသော ဆရာဝန်တို့နဲ့ တိုင်ပင်သင့်တယ် ။ ရင်တုန်ခြင်း ၊မောခြင်း မိခင်လောင်းတို့ရဲ့ နှလုံးဟာ ကိုယ်ဝန်ဆောင်နေစဉ် မိမိရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အတွက်သာမက ၊ဝမ်းတွင်းရှိ ရင်သွေးငယ်အတွက်ပါ လိုအပ်တဲ့ အာဟာရဓာတ်တွေကို သွေးမှ […]