အများသုံး အိမ်သာကတဆင့် ကူးစက်နိုင်သော ရောဂါများ

အရေးထဲမှာ အရာပေါ်တဲ့။ အရေးရယ် အကြောင်းရယ် အပြင်ရောက်ပြီဆိုမှ ဗိုက်က ရစ်နာလာတာမျိုး ၊ အပေါ့သွားချင်တာမျိုးတွေ ကြုံရဆုံရတတ်တယ်။ အဲလို ကြုံတဲ့အခါ များသောအားဖြင့် အများသုံးအိမ်သာမှာ ကိုယ့်ပြဿနာကို ဖြေရှင်းလိုက်ကြတာများတယ်။ အခုခေတ်မှာ အများသုံးအိမ်သာတွေကလည်း အရင်ကထက်စာရင် ပိုပြီး ပေါပေါသီသီ တွေ့နိုင်တယ်။ သန့်တာတွေလည်း ရှိသလို မသန့်ပေမယ့် မဖြစ်သာလို့ အသုံးပြုလိုက်ရတဲ့ အများသုံး အိမ်သာတွေလည်း ရှိတယ်။ တချို့ကတော့ အများသုံးအိမ်သာက ရောဂါတွေ ကူးစက်တတ်တယ်လို့ ယုံကြည်ကြတယ်။ ဒီလို အယူအဆတွေဟာ မှန်ကန်လားဆိုတာ သံသယ ဖြစ်ဖွယ်တစ်ခု ဖြစ်လာပါတယ်။ မိန်းကလေးတွေ အများဆုံး ကြောက်တတ်ကြတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ ဂနိုရောဂါ ၊ ဆစ်ဖလစ်ရောဂါတွေဟာ အများသုံး အိမ်သာကနေ တဆင့် ကူးစက်နိုင်ချေ ရှိသလား။ […]

Read More

မုတ်ချိုအိတ်ကင်ဆာ

မုတ်ချိုအိတ်ကင်ဆာဆိုတာကို အရင်က လူသိနည်းလှပါတယ်။ နိုင်ငံကျော် အဆိုတော် တစ်ဦး ဒီရောဂါနဲ့ သေသွားတဲ့အခါမှ မုတ်ချိုအိတ်ကင်ဆာ ဆိုတာကို လူတွေ စသတိထားမိတာပါ။ ဒီလိုတွေ သတိထားမိစေဖို့ နိုဝင်ဘာလရဲ့ နေ့တစ်နေ့မှာ မုတ်ချိုအိတ်ကင်ဆာနေ့ ရယ်ဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။ မုတ်ချိုအိတ်ကင်ဆာ ဘာကြောင့်ဖြစ်ရတယ် မသိပေမယ့် ဆေးလိပ်သောက်သုံးခြင်း ၊ အဝလွန်ခြင်း ၊ ကိုယ်အလေးချိန်များခြင်း စတာတွေနဲ့ ဆက်စပ်လျှက် ရှိပါတယ်။ မုတ်ချိုအိတ်ကင်ဆာဖြစ်ပွားမှု့ရဲ့ ၂၀ ကနေ ၃၀% လောက်ဟာ ဆေးလိပ်နှင့် ဆေးတံ သောက်သုံးမှု့၊ ကွမ်းစားမှု့တွေကြောင့် ဖြစ်ရတာပါ။ ဆေးလိပ်သောက်တတ် သူတွေဟာ မသောက်သူတွေထက် မုတ်ချိုအိတ်ကင်ဆာ ဖြစ်ပွားဖို့ ရာခိုင်နှုန်း ၂ ဆလောက် မြင့်မားပါတယ်။ ကိုယ်အလေးချိန်များခြင်း ၊ အဝလွန်ခြင်းတွေဟာလည်း မုတ်ချိုအိတ်ကင်ဆာကို ဖြစ်ပွားမှု့ကို များစေတဲ့ […]

Read More

အိပ်ရေးဝဝ အိပ်တတ်စေဖို့ရာ

ဒီချိန်ထိ အိပ်မပျော်သေးလို့ မနက်ဖြန်အတွက် စိုးရိမ်နေပါသလား။ စိုးရိမ်စိတ်တွေဟာ အိပ်မပျော်မှု့တွေကို ပိုဖြစ်စေနိုင်လို့ စိတ်မပူပါနဲ့။ ဒီဆောင်းပါးလေးမှာ အိပ်ပျော်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။ အိပ်စက်ခြင်းဆိုတာ လူတစ်ယောက်အတွက် အလွန်အရေးပါတယ်။ နေ့တိုင်း လုပ်နေတဲ့ အရာတစ်ခုလည်း ဖြစ်ပြီး လူတစ်ယောက်ဟာ တစ်ရက်တာအတွက် အိပ်ချိန် ပျမ်းမျှ ၇ နာရီကနေ ၉ နာရီအတွင်း ရှိသင့်ပါတယ်။ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ၊ အိပ်ချိန် မလုံလောက်ခြင်းတွေဟာ အဝလွန်ရောဂါ ၊ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါတွေကို ပိုမိုဖြစ်ပွားစေပါတယ်။ ကာလကြာရှည်စွာ အိပ်မပျော်ခြင်းတွေဟာ တချို့ ကင်ဆာရောဂါတွေ ဖြစ်စေတဲ့ အထိကို ဆိုးဝါးပါတယ်။ ကာလရှည်မပြောနဲ့ တစ်ရက် နှစ်ရက် အိပ်မပျော်ရင်တောင် ငူငူ ငိုင်ငိုင်နဲ့ အာရုံမစိုက်နိုင်တာ ၊ […]

Read More

အုန်းဆီတစ်ဇွန်းက ဒီလောက်တောင်စွမ်းသတဲ့

အုန်းသီးကို AD ၅ ရာစုနှစ် အစောပိုင်းလောက်မှာ အီဂျစ်ခရီးသွားတစ်ယောက်က အိန္ဒိယမှာတွေ့ရှိခဲ့ကြောင်း စာပေအထောက်အထားတွေမှာအဆိုရှိပါတယ်။ ဒါကတော့ကမ္ဘာလှည့်တဦးအနေနဲ့စတွေ့တာကို မှတ်တမ်းတင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အိန္ဒိယအခွံမာသီးအဖြစ်အစပျိုးသိရှိခဲ့တဲ့အုန်းသီးကို ၉ ရာစုမှာ အိန္ဒိယနဲ့တရုတ်နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်စားသုံးခဲ့ပြီး နောက်ပိုင်းမှာတော့ ဥရောပနဲ့ကမ္ဘာတစ်ခွင်ပျံ့နှံခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံမှာ အုန်းသီးကို အုန်းဆီအဖြစ်၊ ဒါမှမဟုတ်ခရင်မ်ပုံစံအဖြစ်၊ အုန်းသီးအစိမ်းကို ဖျော်ရည်ပုံစံအဖြစ် တွင်တွင်ကျယ်ကျယ်ယုံကြည်စိတ်ချစွာနဲ့ နှစ်ပေါင်းထောင်ချီအောင်သုံးစွဲလာကြတဲ့ နောက်ကွယ်ကအကြောင်းလေးတွေကို လေ့လာကြည့်မယ်ဆိုလျှင်ဖြင့်… အထူးသန့်စင်တဲ့အုန်းဆီကို စားသုံးခြင်းဖြင့် အသက်ရှည်ကျန်းမာနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် အုန်းဆီမှာ Medium Chain Triglycerides (MCT)လို့ခေါ်တဲ့ ပြည့်ဝဆီတစ်မျိုးပါဝင်ပါတယ်။ဒီပြည့်ဝဆီဟာ ခန္ဓာကိုယ်ထဲကမကောင်းတဲ့ အဆီတွေကိုကျဆင်းစေနိုင်တဲ့အပြင် နှလုံးရောဂါဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင်အုန်းဆီကို ချေဖျက်လိုက်တဲ့အခါထွက်လာတဲ့ Ketone ဓာတ်က တက်ရောဂါ၊ သူငယ်ပြန်ရောဂါ စတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါတွေကိုလည်း သက်သာစေပါတယ်။ အထူးသန့်စင်တဲ့အုန်းဆီစားခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတယ်ဆို သင်အံ့သြသွားပါသလား။ […]

Read More