ဗီတာမင် D3

Vitamin D 3 အကြောင်းလေးပြောပြပေးပါလို့ ondr မှာမေးလေ့ရှိပါတယ်။ ဗီတာမင် D3က ဘယ်နေရာမှာအသုံးဝင်လဲလို့ပြောရရင် အကြမ်းအားဖြင့်ကျန်းမာရေးအတွက်ကောင်းပြီး အရိုးပွခြင်းကိုကုသရမှာသုံးပါတယ်။ ဗီတာမင်D3ချို့တဲ့သောသူများ (ဥပမာparathyroid အလုပ်မလုပ်သောသူများ၊သွေးတွင်းဖော့စဖိတ်ဓာတ်ချို့တဲ့သူများနှင့်မွေးရာပါparathyroid ဟော်မုန်းအလုပ်မလုပ်သူများ)ကုသရာတွင် အသုံးပြုကြပါတယ်။

Vitamin D3 ရဲ့ ကောင်းကျိုးကတော့ pHထိန်းပေးသော ဖော့စဖိတ်(Phosphate)ကိုသွေးတွင်းပြန်ရောက်စေရန်ကျောက်ကပ်ကို ကူညီပါတယ်။ Vitamin D3 ချို့တဲ့လျင် ကလေးသူငယ်များတွင် အရိုးရောဂါ (rickets)ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ခြေထောက်သည် လေးကိုင်းကဲ့သို့ကွေးနေပါတယ်။ လူကြီးများတွင် vitamin d 3 ချို့တဲ့လျှင်အရိုးပျော့လာပြီး အရိုးပျော့ရောဂါရနိုင်ပါတယ်။

အစာချေမှု့ပြဿနာရှိသော ရောဂါရှိသည်များ၊ အသည်းမကောင်းသူများတွင် ဗီတာမင် ဒီ3 နည်းနိုင်ပါတယ်။ သဘာဝအားဖြင့် နေရောင်ခြည်မှ ဗီတာမင်ဒီ3 ကိုရရှိသောကြောင့် အိမ်ထဲမှ အိမ်ပြင်မထွက်သူများ၊ နာတာရှည်လူနာများတွင် vitamin d3 ချို့တဲ့တတ်ပါတယ်။ အသားအရောင်မည်းရင် ဗီတာမင် D3 ပိုလိုအပ်ပါတယ်။ အသားအရေမည်းခြင်းက vitamin D3 စုပ်ယူမူ အားနည်းသောကြောင့် ဖြစ်ပါတယ်။ VitaminD3 ကို နေရောင်ခြည်မှ အလွယ်တကူရရှိသော်လည်း ဖြည့်စွက်အားဆေးအဖြစ် လိုအပ်တယ်လို ဆိုကြပါတယ်။ Vitamin D3 ရရှိနိုင်သော အစာအစားများကတော့ အဆီများသောငါး ဥပမာ ဆဲလ်မွန်ငါး၊ နို့၊ ကွေကာအုပ်၊ ဥနှင့် မှိုတို့ပဲ ဖြစ်ပါတယ်။

Vitamin D3 နှင့်ဝက်ခြံ
Vitamin D3 သည် ဝက်ခြံကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်လို့ ဆိုပါတယ်။ နေခြည်မရရှိသော ဆောင်းရာသီတွင် ဝက်ခြံအဖြစ်များပြီး နွေရာသီတွင် ဝက်ခြံအထွက် နည်းပါတယ်။ သို့သော် ဝက်ခြံကာကွယ်တဲ့နေရာမှာတော့ Vitamin D3ရဲ့ အစွမ်းက နည်းပါးပါတယ်။ vitamin D3ပါတဲ့ အဆီကိုလိမ်းလျှင် ဝက်ခြံသက်သာစေပါတယ်။

Vitamin D3 နဲ့ အဝလွန်ခြင်း
အဝလွန်သောသူများတွင် Vitamin D3 များနေတတ်ပါတယ်။ ကိုယ်ခန္ဓာရဲ့အဆီများတွင် vitamin D3 စုနေသောကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။အဆီများလေ ပိုစုနိုင်လေ ဖြစ်ပါတယ်။ ထို့ကြောင့် ပိန်ရင်တော့ အဆီနည်းလို့ vitamin D3လည်း နည်းပါတယ်။

Vitamin D3 နှင့် ကိုယ်ဝန်ဆောင်များ
Vitamin D3 သည် မိခင် နို့မှတဆင့် ကလေးဆီ ရောက်နိုင်၍ နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။

Vitamin D3 ရဲ့ဆိုးကျိုးများ
ဆိုးကျိုးများကတော့ ဓာတ်မတည့်ဖြစ်ခြင်း၊ ယားခြင်း၊ အဖုထခြင်း၊ မျက်နှာ၊ လည်ပင်း၊ လျှာထူခြင်း၊ ခေါင်းမူး၊ အသက်ရှူခက်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့ပဲ ဖြစ်ပါတယ်။ တခြား ပါးစပ်ခြောက်၊ ခေါင်းကိုက်၊ အော့အန်၊ အားနည်းတာမျိုးလည်း ဖြစ်လေ့ရှိပါတယ်။ သို့သော် အဆိုပါ ဆိုးကျိုးများက ဖြစ်ဖို့ရာခိုင်နူန်းနည်းပါပါတယ်။

Vitamin D3 ကို မိမိဖာသာဆေးဆိုင်မှာ ဝယ်သောက်နိုင်သလို အချိုရည်များ၊ အားဖြည့်အမှုန့်များ အနေနဲ့လည်း ဝယ်ယူရရှိနိုင်ပါတယ်။ Vitamin D3နဲ့ မတည့်သော ဆေးဝါးများကတော့ paricalcitol၊ Calcipotriene၊ Doxercalciferol၊ Mineral oil၊ Orlistat၊ Bile acid supplymentတွေ ဖြစ်ပါတယ်။ ဆေးနဲ့ ၂နာရီခြား သောက်သင့်ပါတယ်။ နှလုံးခုန်ထိန်းတဲ့ digoxinလို ဆေးမျိုးနဲ့လည်း သတိထားသောက်သင့်ပါတယ်။

Vitamin D3 နှင့်အရက်
အရက်သည် Vitamin D3စုပ်ယူမူကိုလျော့ပါးစေလို့ အရက်မသောက်သင့်ပါ။

Vitamin D3 နှင့်စပျစ်သီး
Vitamin D3 သောက်သုံးနေလျှင် စပျစ်သီးစားခြင်းရှောင်ပါ။

Vitamin D3သည် 400IU မှ 1000IU ဆေးလုံးအဖြစ် ဝယ်ယူနိုင်သလို တခြားကယ်ဆီယမ်ဓာတ်နဲ့တွဲ၍ အားဆေးအဖြစ် ပေါင်းစပ်ရရှိနိုင်ပါတယ်။ တစ်နေ့ 4000IU ထက် ပိုမသောက်သင့်ပါဘူး။ သင့်တွင် အရိုးပွရောဂါရှိလျှင် ဆရာဝန်ညွန်ကြားချက် အတိုင်းသောက်သုံးသင့်ပါတယ်။ ricket အရိုးရောဂါရှိသော ကလေးများသည်လည်း ဆရာဝန်ညွန်ကြားမှု့ အတိုင်းသောက်သုံးသင့်ပါတယ်။

Author : Dr. ပြည့်ရှင်း