သည္းေျခအိတ္မွာ ေက်ာက္တည္ျခင္းနဲ႔ သည္းေျခအိတ္ ေရာဂါမ်ားနဲ႔ အစားအေသာက္

သည္းေျခအိတ္မွာ ေက်ာက္တည္ရင္ ဗိုက္ညာဘက္ျခမ္းက ေအာင့္မယ္။ သည္းေျခလမ္းေၾကာင္း ပိတ္သြားရင္ မ်က္လုံးဝါ ၊ အသားဝါ ၊ ဆီးဝါ ၊ အသားယား ၊ ဝမ္းသြားရင္ ဆီေတြ ေဝ့ပါသလို ျဖစ္မယ္။ ျဖစ္ရတဲ့ အဓိကအေၾကာင္းမွာ အစားအေသာက္နဲ႔ အေနအထိုင္မမွန္လို႔ ျဖစ္တာပါ ။

မိမိရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ထက္ မ်ားေနက ကိုယ္အေလးခ်ိန္ေလ်ာ့ပါ။ တိရိစာၦန္ကရတဲ့ ျပည့္ဝဆီေတြ စားသုံးတာေရွာင္ပါ။ အဆီေတြ အဆိမ့္ေတြ ေရွာင္ပါ။ ဆီေၾကာ္အစားအစာေတြ ၊ အဆီဓာတ္မ်ားတဲ့ ၾကက္အေရျပားေတြ ၊ ဝက္ဆီ ၊ အမဲဆီေတြ၊ ႏို႔နဲ႔ မလိုင္ေတြ ၊ ေထာပတ္ေတြ ၊ ၾကက္ဥနဲ႔ ဘဲဥ အႏွစ္ေတြ ၊ ေခ်ာကလက္ေတြ ၊ အသင့္စားမုန႔္ေတြ ၊ ပီဇာေတြ စတာေတြ ေရွာင္ပါ။

အခ်ိဳဓာတ္မ်ားတဲ့ ေကာ္ဖီ ၊ လက္ဖက္ရည္ ၊ အခ်ိဳရည္မ်ား ေသာက္သုံးျခင္းကိုလည္း ဆင္ျခင္သင့္ပါတယ္။ အသားစားတဲ့အခါ အဆီလြတ္အသားမ်ား စားပါ။ ပ႐ိုတင္းပါေသာ ငါး ၊ ပဲနီေလး ၊ မတ္ပဲ ၊စားေတာ္ပဲ စတဲ့ ပဲအမ်ိဳးမ်ိဳးကိုလည္း စားေပးႏိုင္တယ္။ သစ္သီး နဲ႔ဟင္းသီးဟင္း႐ြက္မ်ားကိုလည္း မ်ားမ်ားစားေပးပါ။

အထူးသျဖင့္ Salicylate ပါဝင္ေသာ မုန္လာဥနီ ၊ ပန္းသီး ၊ ဆီးသီး ၊ နာနတ္သီး ၊ စပ်စ္သီး ၊ ေထာပတ္သီး ၊ ပန္းေဂၚဖီ၊ ပဲသီးစိမ္း စတာေတြ စားေပးပါ။ အမွ်င္ဓာတ္မ်ားပါေသာ ဂ်ဳံ ၊ႏွံစားေျပာင္း ၊ ေကြကာ ၊ ကၫြတ္ ၊ ဟင္းႏုႏြယ္ ၊ ကန္စြန္း႐ြက္ ၊ အေစ့အဆန္ပါေသာ အခြံမာ အသီးမ်ား စတာေတြ စားေပးပါ။ ေရမ်ားမ်ားေသာက္ပါ။

Author : ေခတ္သစ္ ဇီဝက

Unicode version

သည်းခြေအိတ်မှာ ကျောက်တည်ရင် ဗိုက်ညာဘက်ခြမ်းက အောင့်မယ်။ သည်းခြေလမ်းကြောင်း ပိတ်သွားရင် မျက်လုံးဝါ ၊ အသားဝါ ၊ ဆီးဝါ ၊ အသားယား ၊ ဝမ်းသွားရင် ဆီတွေ ဝေ့ပါသလို ဖြစ်မယ်။ ဖြစ်ရတဲ့ အဓိကအကြောင်းမှာ အစားအသောက်နဲ့ အနေအထိုင်မမှန်လို့ ဖြစ်တာပါ ။

မိမိရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေက ကိုယ်အလေးချိန်လျော့ပါ။ တိရိစ္ဆာန်ကရတဲ့ ပြည့်ဝဆီတွေ စားသုံးတာရှောင်ပါ။ အဆီတွေ အဆိမ့်တွေ ရှောင်ပါ။ ဆီကြော်အစားအစာတွေ ၊ အဆီဓာတ်များတဲ့ ကြက်အရေပြားတွေ ၊ ဝက်ဆီ ၊ အမဲဆီတွေ၊ နို့နဲ့ မလိုင်တွေ ၊ ထောပတ်တွေ ၊ ကြက်ဥနဲ့ ဘဲဥ အနှစ်တွေ ၊ ချောကလက်တွေ ၊ အသင့်စားမုန့်တွေ ၊ ပီဇာတွေ စတာတွေ ရှောင်ပါ။

အချိုဓာတ်များတဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ အချိုရည်များ သောက်သုံးခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။ အသားစားတဲ့အခါ အဆီလွတ်အသားများ စားပါ။ ပရိုတင်းပါသော ငါး ၊ ပဲနီလေး ၊ မတ်ပဲ ၊စားတော်ပဲ စတဲ့ ပဲအမျိုးမျိုးကိုလည်း စားပေးနိုင်တယ်။ သစ်သီး နဲ့ဟင်းသီးဟင်းရွက်များကိုလည်း များများစားပေးပါ။

အထူးသဖြင့် Salicylate ပါဝင်သော မုန်လာဥနီ ၊ ပန်းသီး ၊ ဆီးသီး ၊ နာနတ်သီး ၊ စပျစ်သီး
၊ ထောပတ်သီး ၊ ပန်းဂေါ်ဖီ၊ ပဲသီးစိမ်း စတာတွေ စားပေးပါ။ အမျှင်ဓာတ်များပါသော ဂျုံ ၊နှံစားပြောင်း ၊ ကွေကာ ၊ ကညွတ် ၊ ဟင်းနုနွယ် ၊ ကန်စွန်းရွက် ၊ အစေ့အဆန်ပါသော အခွံမာ အသီးများ စတာတွေ စားပေးပါ။ ရေများများသောက်ပါ။