ဖြတ်မလားအရေပြား

အမျိုးသားတို့၏ လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ခြင်း Circumcision သည်လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ် နောက်ပိုင်းတွင်ရေပန်းစားလာခဲ့သည်။ လိင်အင်္ဂါထိပ် အရေပြားဖြတ်တောက်ခြင်းသည် သိသာထင်ရှားသောအ ကျိုးကလာဒ်ကောင်းများကို ဖြစ်ထွန်းစေနိုင်သည်။

(က) HIV ကူးစက်မှုမှကာကွယ်နိုင်သည်။

(ခ) သားအိမ်လည်တံကင်ဆာဖြစ်ပွားမှု လျော့နည်းစေသည်။

(ဂ) ဆီးကျိတ်ကင်ဆာ အန္တရာယ်မှနည်းပါးစေနိုင်သည်။

(ဃ) လင်တံကင်ဆာဖြစ်ပွားမှုမှ ကာကွယ်နိုင်သည်။

(င) ရောဂါပိုးမွှားများကူးစက်မှုမှလည်း ကင်းဝေးစေနိုင်သည်။

HIV ကူးစက်မှုမှကာကွယ်နိုင်ခြင်း

လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ထားသော အမျိုးသားများသည် HIV ကူးစက်မှုအခွင့်အလမ်းမှ ၆၀ ရာခိုင်နှုန်းလျော့ကျစေသည်ဟု ဆိုပါသည်။ လိင်အင်္ဂါထိပ်အရေပြားတွင် HIV ဗိုင်းရပ်စ်ပိုးအတွက် ပစ်မှတ်က လာပ်စည်းများ (အဓိကကူးစက်နိုင်သည့် ကလာပ်စည်းများ) မြောက်များစွာရှိနေခြင်းကြောင့် လိင်အင်္ဂါထိပ်အ ရေပြားဖြတ်တောက်လိုက်ခြင်းသည် ရောဂါကူးစက်မှုကို ဟန့်တားရာရောက်ခြင်းဖြစ်နိုင်ပါသည်။ နောက်တစ် ချက်မှာလိင်ဆက်ဆံစဉ် ဒဏ်ရာအနာဖြစ်လွယ်မှုကြောင့် ရောဂါပိုးများဝင်ရောက်ရန် အခွင့်သာစေခြင်းဖြစ်ဖွယ် ရာရှိသည်။

လိင်အင်္ဂါထိပ်အရေပြား ဖယ်ရှားလိုက်ခြင်းမှာ ရောဂါပိုးဝင်ရောက်မည့်လမ်းကြောင်းကို ဖယ်ရှားပစ် လိုက်သည့်သဘောပင်ဖြစ်သည်ဟု The Department of Obsterics of Gynaecology at the University of Melbourne မှပါမောက္ခ Roger Short ကပြောကြားလိုက်သည်။ လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ပစ်ခြင်း ကြောင့် HIV ဗိုင်းရပ်စ်ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သည်ဆိုခြင်းမှာ သံသယဖြစ်ဖွယ်ရာ လုံးဝမရှိပါဟုလည်း ဆက်လက်ပြောကြားခဲ့သည်။

သားအိမ်လည်တံကင်ဆာဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း

သားအိမ်ကင်ဆာရောဂါကို Human Papiltom Virus “HPV” ခေါ်ဗိုင်းရပ်စ်တစ်မျိုးက အဓိကဖြစ်စေ ခြင်းဖြစ်သည်။ လိင်အင်္ဂါထိပ်အရေပြား ဖြတ်တောက်ထားသောအမျိုးသားများသည် ပိုးသယ်ဆောင်မှုနှုန်း၌ သုံး ဆမျှပင်လျော့နည်းနေကြကြောင်း တွေ့ရသည်။ ထို့ကြောင့် သားအိမ်လည်တံကင်ဆာဖြစ်မှုကို ၅၆ ရာခိုင်နှုန်းထိ လျော့နည်းကျဆင်းသွားစေနိုင်ပါသည်။ The Harvard School of Public Health မှပါမောက္ခ Dimitrios Trichopoulos ကအမျိုးသားများ လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ခြင်းဖြင့် မိမိတို့၏ ဇနီးမယားလိင်ဆက်ဆံ ဖော်အားသားအိမ်လည်တံကင်ဆာ မဖြစ်အောင်ကာကွယ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု လျော့ကျစေခြင်း

လိင်အင်္ဂါထိပ် အရေပြားဖြတ်တောက်ထားသော အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုလျော့ နည်းကြောင်းတွေ့ရသည်။ လိင်အင်္ဂါအရေပြားရှိနေခြင်းသည် ဆီးပြွန်မှတစ်ဆင့် ရောဂါပိုးမွှားများဝင်ရောက်မှုကို အားပေးစေနိုင်သည်။ ရောဂါပိုးများ ၀င်ရောက်ခံရပါကလည်းပျောက်ကင်းရန် အချိန်ကြာမြင့်တတ်ကြသည်။ ထို့ ကြောင့်ကလာပ်စည်းများ အကြိမ်ကြိမ်ဖြစ်ပွားများမှုဖြစ်စေကာ ဒီအန်အေ DNA သဘာဝပျက်ယွင်းမှုကြုံတွေ့ရ နိုင်သည်။ ထိုမှတစ်ဆင့် ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်ဖွယ်ရာရှိသည်ဟု Queen Marty University မှပါမောက္ခ Tim Oliver ကပြောကြားခဲ့ပါသည်။ အမျိုးသားများ ဆီးကျိတ်ကင်ဆာမှ ကာကွယ်လိုလျှင်လိင်အင်္ဂါထိပ်အရေ ပြားဖြတ်တောက်ထားသင့်သည်။

လိင်တံကင်ဆာဖြစ်ပွားမှု အန္တရာယ်နည်းစေခြင်း

လိင်အင်္ဂါ (အမျိုးသားလိင်တံ) ကင်ဆာရောဂါမှာ ဖြစ်ပွားမှုနှုန်းအလွန်နည်းသော ကင်ဆာဖြစ်သည်။ လိင်တံကင်ဆာသည် လိင်အင်္ဂါထိပ်အရေပြားဖြတ်ထားသူများတွင် ဖြစ်ပွားမှုနှုန်းပိုပြီးနည်းပါးကြောင်း တွေ့ရမည် ဖြစ်သည်။

ရောဂါပိုးဝင်ရောက်မှုမှ ကာကွယ်နိုင်ခြင်း

လိင်အင်္ဂါထိပ် အရေပြားဖြတ်တောက်ထားသော ယောက်ျားလေးများသည် ဆီးလမ်းကြောင်းပိုးဝင်မှု၌ ၅ ဆမျှလျော့နည်းကြကြောင်း တွေ့ရသည်။ ဆီးလမ်းကြောင်း ပိုးဝင်မှုသည်ကျောက်ကပ်ယိုယွင်းမှုကို ဖြစ်စေသ ဖြင့် အန္တရာယ်ကြီးမားသော ကိစ္စတစ်ရပ်ဖြစ်သည်။ လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ခြင်းဖြင့် ဆီးလမ်း ကြောင်းပိုးဝင်မှုကို ကကွယ်ပေးနိုင်မည်ဖြစ်သည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)