ရုံး၊ကျောင်း ထမင်းဘူး တွေ ကို ကျန်းမာရေးနှင့် အညီ ဘယ်လို ပြင်ဆင်ကြမလဲ????

ရုံး၊ကျောင်း ထမင်းဘူး တွေ ကို ကျန်းမာရေးနှင့် အညီ ဘယ်လို ပြင်ဆင်ကြမလဲ???? ရုံး၊ကျောင်း ထမင်းဘူးထည့်တဲ့နေရာ မှာ သတိထားသင့်တာလေးတွေ မျှဝေပေးလိုက်ပါတယ်။ ဒီရက်ပိုင်းမှာ အလုပ်ရှုပ်လာတာ နှင့် အမျှ လူတော်တော်များများ ကလည်း ရုံး ထမင်းဘူးတွေ ကို သိပ်ပြီးအလေးထားပြီးမပြင်ဆင်ကြတော့ပါဘူး။ ဒါကြောင့် လွယ်လွယ် နဲ့ ရတဲ့ လက်သုတ်စုံတွေ အခုတလာ အစားများနေတဲ့ လက်ဖက်ထမင်းတွေ ဆိုင်မှာ အထပ်ထပ်နွှေး ထားတဲ့ ပာင်းနဲ့ ထမင်းကြော် တွေ အစားများလာပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတော့ လက်သုတ်စုံ တွေ ကတော့ ထုံးစံ အတိုင်း အခုလို မိုးရာသီမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေပါတယ်။ အလွယ်တကူ ရတဲ့ လက်ဖက်ထမင်း အစားများရင်လည်း […]

Read More

ဆောင်းတွင်းမှာ မီးလှုံမယ်ဆိုရင်

မိုးကုန်ပြီး ဆောင်းတွင်းရောက်လာတာနဲ့အမျှ အအေးဓာတ်က တဖြည်းဖြည်း လွှမ်းခြုံဝင်ရောက်လာပါတယ်။ ညမိုးချုပ်ပိုင်းတွေနဲ့ မနက်စောစောတွေမှာ ပိုပြီးသိသိသာသာ အေးလာတတ်ပါတယ်။ ဆောင်းတွင်းဝင်လေလေ ပိုအေးလေလေပါ။ နိုင်ငံတစ်ဝှမ်းမှာလည်း ဆောင်းတွင်းဝင်လာပြီဆိုရင် မနက်စောစောထပြီး လေ့ကျင့်ခန်းတွေလုပ်ကြ၊ အမှိုက်လှည်း သန့်ရှင်းရေးတွေလုပ်ကြ၊ အမှိုက်တွေပုံပြီး မီးရှို့တာတွေ မီးလှုံကြတာတွေနဲ့ လုပ်တတ်ကြပါတယ်။ ဆောင်းတွင်းမှာ အအေးဓာတ်ပိုလာတော့ သွေးပူလေ့ကျင့်ခန်းအနေနဲ့ ကိုယ်လက်လှုပ်ရှားလုပ်ပေးတာတွေ၊ အမှိုက်လှည်းသန့်ရှင်းရေးလုပ်တာတွေက ကောင်းပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ အမှိုက်တွေကိုမီးရှို့တာ မီးလှုံတာတွေကတော့ အနွေးဓာတ်တော့ ရစေပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် ကျန်းမာရေးနဲ့လုံးဝ မညီညွတ်ပါဘူး။ အမှိုက်ပဲဖြစ်ဖြစ် ထင်းချောင်းပဲဖြစ်ဖြစ် မီးရှို့လိုက်တဲ့အခါ ထွက်လာတဲ့မီးခိုးတွေကြောင့် ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ လေကောင်းလေသန့်မရဘဲ မနက်စောစောစီးစီး မီးခိုးငွေ့တွေ ရှူရှိုက်နေရသလို ဖြစ်နေပါလိမ့်မယ်။ သာမန်လူတောင် မခံနိုင်တာ ကလေးငယ်ရှိတဲ့အိမ်တွေ သက်ကြီးရွယ်အိုရှိတဲ့အိမ်တွေ ပန်းနာရင်ကျပ်အစရှိတဲ့ အဆုတ်ရောဂါသည် လူနာရှိတဲ့အိမ်တွေသာဆို ပိုဆိုးပါလိမ့်မယ်။ ဆောင်းတွင်းလေးလလုံးသာ […]

Read More

ရာသီဥတု အေးသောအခါ

ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ ရာသီဥတု သဘောတွေအရ ဒီရက်ပိုင်းအတွင်း အအေးပိုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ မိုးလေဝသ ခန့်မှန်းချက်တချို့မှာလည်း ၂၃ ရက်နေ့လောက်အထိ အအေးပိုလိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးရဲ့ ကုန်းတွင်းပိုင်းမှာလည်း အအေးလွန်ကဲမှုတွေကြောင့် လေဖိအားများ ရပ်ဝန်းတွေ ဖြစ်ပေါ်နေပြီး လေပြင်းတွေ တိုက်ခတ်လျှက်ရှိပါတယ်။ ဒီလေပြင်းတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းထိတောင် ရောက်ရှိတတ်ပါတယ်။ ဘာပဲပြောပြော ဒီရက်ပိုင်း အအေးပိုတဲ့အပြင် လေလည်း ပိုတိုက်တာတော့ အမှန်ပင်။ အအေးပိုနေတဲ့ ဒီလို အချိန်တွေမှာ ကျန်းမာရေးအတွက် ဘာတွေဖြစ်လာနိုင်ပါသလဲ ။  ပူလွန်း အေးလွန်းတဲ့ အခြေအနေတွေဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှုတွေ ရှိပါတယ်။  WHO ရဲ့ စစ်တမ်းတွေအရ UK မှာ အအေးလွန်ကဲတဲ့ ပြဿနာတွေကြောင့် သက်ကြီးရွယ်အို သေဆုံးမှုဟာ ၂၀၀၄ ကနေ […]

Read More

အမျိုးသမီးရောဂါ

အမျိုးသမီးတွေဟာ ရာသီလာတဲ့အချိန်မှာ နာကျင်ကိုက်ခဲမှုတွေနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။ ဒီလို ကိုက်ခဲစေတဲ့ အကြောင်းတွေထဲက တစ်ခုကတော့ endometriosis ဆိုတဲ့  ရောဂါကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သားအိမ်ဆိုတဲ့ အရာကို အလွှာ ၃ လွှာ နှင့် ပြုလုပ်ထားပါတယ်။ အတွင်းဆုံးအလွှာ endometrium ၊ အလယ် ကြွက်သားလွှာ myometrium နှင့် အပြင်ဆုံးအလွှာ perimetrium ဆိုပြီး ရှိပါတယ်။ တစ်ခါတစ်လေမှာ သားအိမ်ရဲ့ အလွှာတစ်ခုဖြစ်တဲ့ endometrium ဟာ သားအိမ်မှာ မဟုတ်ဘဲ တခြားနေရာတစ်ခုခုမှာ သွားဖြစ်တဲ့ အခြေအနေတစ်ခုကို endometriosis လို့ ခေါ်ပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုရင် အဓိကက သားဥအိမ်တွေ၊ သားဥပြွန်တွေနဲ့ တင်ပဆုံရိုးအတွင်းမှာ ရှိနေတဲ့ ဆီးအိမ်တွေ အူတွေမှာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ သေချာမပြောနိုင်ပေမယ့် […]

Read More

အဖြူဆင်းတယ် ဆိုရာဝယ်

  မိန်းကလေး တော်တော်များများဟာ အဖြူဆင်းပြီဆို စိုးရိမ်တတ်ကြပါတယ်။ ပုံမှန်မှ ဟုတ်ရဲ့လား၊ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါလား ၊ ပိုးဝင်တာများလားဆိုပြီး တွေးပူတတ်ကြပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်း ရောဂါဖြစ်တာ မဟုတ်ပါဘူး။ ပုံမှန်မှာလည်း အဖြူဆင်းတာမျိုး ရှိတတ်ပါတယ်။ ရာသီလာပြီးချိန်တွေ ၊ မျိုးဥကြွေနေတဲ့ အချိန်တွေမှာဆို ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းဓာတ်တွေ ပြောင်းလဲပြီး အဖြူဆင်းတာမျိုးတွေ ရှိနိုင်ပါတယ်။ ပုံမှန်အဖြူဆင်းတဲ့အခါမှာ ပမာဏ အရမ်းများလေ့ မရှိပါဘူး။ အရောင်က အကြည်ရောင်ကနေ ဖြူညစ်ညစ်အရောင်ထိ ရှိတာ ဖြစ်နိုင်ပါတယ်။ ယားလေ့ နံလေ့ မရှိပါဘူး။ တစ်ခါတစ်လေမှာ ပျစ်တာ ရှိနိုင်သလို ကျဲတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ များသောအားဖြင့် မျိုးဥကြွေခါနီးချိန်တွေမှာ ဆင်းတဲ့အဖြူက ကျဲလေ့ရှိပြီး ရာသီလာခါနီးမှာ ဆင်းတဲ့အဖြူက ပျစ်လေ့ရှိတယ်။ တချို့တွေက အဖြူဆင်းတာနဲ့ […]

Read More

သားအိမ်ကျွံကျခြင်း

အမျိုးသမီးထုတွေမှာ မိန်းမကိုယ်မှာ တစ်စို့စို့ ဖြစ်တယ်ဆို သားအိမ်များကျနေတာလား ဆိုပြီး ထင်တတ်ကြတယ်။ သားအိမ်ကျတယ်ဆိုတာ အသက်ငယ်ပိုင်းထက်စာရင်အသက်ကြီးပိုင်းတွေ ပိုဖြစ်နိုင်ပါတယ်။ အပျိုတွေထက်စာရင်လည်း အိမ်ထောင်သည် ကလေးအမေတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အပျိုတွေမှာ အလေးအပင်အရမ်းမတာတွေဆိုရင်ရော သားအိမ်ကျနိုင်လားလို့မေးတတ်ကြတယ်။ သားအိမ်ကျတာထက် အူကျတာမျိုးက ပိုဖြစ်နိုင်ပါတယ်။ သားအိမ်ကျတာက အိမ်ထောင်သည် အမျိုးသမီးတွေမှာတောင်မှ ကလေးအမေတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ကလေးမွေးတာမှာလည်း ခွဲမွေးတာထက်စာရင် ရိုးရိုးမွေးထားတဲ့ သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးတဲ့ကလေး များလေ သားအိမ်ပိုကျနိုင်လေပါပဲ။ ဘာကြောင့် သားအိမ်ကျရတာလဲ။ သားအိမ်ကို အထောက်အပံ့ပေးထားတဲ့ ကြွက်သားတွေက သားအိမ်ဘေးပတ်လည်မှာရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်က တစ်ဖြည်းဖြည်းကြီးလာတာနဲ့အမျှ ထိန်းပေးတဲ့ ကြွက်သားတွေကပါ ပိုအလုပ်လုပ်ရပါတယ်။ ကလေးကိုရိုးရိုးမွေးတဲ့အခါဆို ပိုဆိုးပါတယ်။ ကလေးမမွေးခင် အနည်းဆုံး ခြောက်နာရီ ခုနှစ်နာရီလောက်က ဗိုက်ကနာလိုက် ညှစ်နေသလိုဖြစ်လိုက်နဲ့ တောက်လျှောက်ခံစားရပါတယ်။ ကလေးမွေးတော့လည်း […]

Read More

အိမ်မွေးတိရစ္ဆာန်လေးတွေမွေးမယ်ဆိုရင်

အိမ်မွေးတိရစ္ဆာန်လေးတွေမွေးခြင်းဖြင့် သင့်ရောသင့်မိသားစုရော ကျန်းမာပျော်ရွှင်မှုကိုရရှိစေနိုင်ပါတယ်။ သို့သော် သင့်မိသားစုထဲ သို့မဟုတ် သင့်အိမ်မှာ ကလေးငယ်လေးရှိမယ်ဆိုပါက အိမ်မွေးတိရစ္ဆာန်မွေးတဲ့အခါမှာ ကလေးငယ်တွေကို ရန်မပြုမယ့် တိရစ္ဆာန်အမျိုးအစားဖြစ်ဖို့ သတိပြုရပါမယ်။ ဒါကြောင့်ဘေးကင်းနိုင်မယ်ထင်တဲ့ အောက်ပါအိမ်မွေးတိရစ္ဆာန် အမျိုးအစားလေးတွေကို တင်ပြလိုက်ရပါတယ်။ ၁။ငါး၊ပုစွန်၊လိပ် ငါး၊ပုစွန်၊လိပ်လေးတွေဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် ဦးစားပေးရွေးချယ်သင့်တဲ့အမျိုးအစားပါ။ ကလေးငယ်တွေအတွက် အန္တရာယ်အကင်းဆုံးနဲ့ ပျော်ရွှင်မှုကိုပေးနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်ထဲမှာ ငါးလေးတွေ၊ ပုစွန်လေးတွေ ပါပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေသာမက လူကြီးတွေပါ ရွှေငါးလေးတွေ၊ ပုစွန်ဆိတ်ကလေးတွေ မီးရောင်ထွန်းပြီး အောက်စီဂျင်ပေးထားတဲ့ မှန်ကန် လေးထဲမှာ လှုပ်ရှားကူးခတ်နေတာကိုကြည့်ပြီးတော့ စိတ်ထဲမှာ ကြည်နူးပျော်ရွှင်မှုကို ခံစားရပါတယ်။ လိပ်ပေါက်စလေးတွေမွေးမယ်ဆိုရင်တော့ မှန်ကန်ထဲကို ရေအမြင့်နည်းနည်းပဲထည့်ပြီး ထည့်ထားတဲ့ရေအမြင့်ထက်မြင့်တဲ့ ကျောက်ဆောင်ကျောက်တုံးလေးတွေ ထည့်ဖို့လိုပါတယ်။ လိပ်ပေါက်စလေးတွေကလည်း တစ်မျိုးချစ်စရာကောင်းပါတယ်။ ၂။ငှက်များ ငှက်လေးတွေကိုလည်း အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးနိုင်ပါတယ်။ ဥပမာ ကြက်တူရွေး၊ စာကလေး၊ […]

Read More

အစာအိမ်ရောင်ရမ်းခြင်းဝေဒနာ

လူစည်ကားရာ ပျံကျ ရပ်ကွက်မှာ ဆေးခန်းလေးဖွင့်ထားတဲ့ ကျွန်တော်အတွက် တစ်ခါတစ်လေမှာ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးရတာ ပျော်စရာလည်းကောင်းသလို တစ်ခါတစ်လေကျ ရယ်စရာလည်းကောင်းနေတတ်ပါတယ် ခုလည်း ကျွန်တော် ဆေးခန်းလေး ဖွင့်ရုံရှိသေး ဆေးခန်းဘေးမှာနေတဲ့ ရခိုင်အဒေါ်ကြီးတစ်ယောက် အော်ဟစ်ပြီး ရောက်လာလေရဲ့ “ဆရာရေ ၊ လုပ်ပါဦး” “လာ အဒေါ်၊ ဘာဖြစ်လာသလဲ” သူ့ဗိုက်ကြီးကို ပုတ်ပြပြီး  “ကျွန်မဗိုက်ထဲ “ဘုန်းဘုန်း… ဘုန်း”ကြီး ဖြစ်နေတယ်ဆရာ” “ဟုတ်လား ပြပါဦး စမ်းကြည့်ရအောင”် စမ်းသပ်ကြည့်တော့လည်း ဟုတ်တယ်။ ဗိုက်ကြီးကတင်းတောင့်နေတယ် ၊ ဝမ်းဗိုက်ကို ဖိပြီး စမ်းသပ်ကြည့်တိုင်းမှာ လေတွေက တဂွီဂွီနဲ့ ရင်ညွှန့်နားမှာလည်း နာကျင်မှုလေး အနည်းငယ်ရှိနေတယ် “အခြား ဘာဖြစ်သေးလဲ အဒေါ် ၊ အန်သေးလား ၊ လေချဉ်တက်တာ […]

Read More

သင့်ခန္ဓာကိုယ်အကြောင်း တစေ့တစောင်း (၂) လျှာ

လူသားတို့သည် လျှာကို အာရုံငါးပါးထဲတွင် မျက်စိနဲ့ နားလောက်အရေးမကြီးဟု ယေဘူယျ သတ်မှတ်ထားကြပါတယ်။ လူသားတို့ရဲ့ လျှာသည်တခြားသော တိရိစ္ဆာန်များရဲ့ လျှာနဲ့ မတူပေ။ ဖားရဲ့ လျှာသည် ပိုးမွှားတွေကို ဖမ်းယူ စားသုံးနိုင်ရာမှာ အသုံးကျပါတယ်။ ဒါပေမယ့် လူသားတို့ရဲ့ လျှာသည် လုပ်ငန်းတော်တော်များများ လုပ်ဆောင်တဲ့နေရာမှာ ပါပါတယ်။ လျှာကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲ -တကယ်တော့ လျှာဆိုတာ ကြွက်သားစိုင်ကြီး တစ်ခုသာ။ -ထိုကြွက်သားကို အပေါ်ယံမှာ အမြှေးပါးနဲ့ ဖုံးအုပ်ထားပါတယ်။ -လျှာရဲ့ အပေါ်ယံ မျက်နှာပြင်မှာ အာရုံခံတဲ့ အဖုကလေးတွေပါပါတယ်။ ထိုအဖု ကလေးများသည် လျှာအောက် လျှာဘေးတွေမှာလည်း ရှိပါသေးတယ်။ -လျှာကို အာရုံကြောတွေနဲ့လည်း ထောက်ပံ့ ပေးထားပါတယ်။ လျှာရဲ့လုပ်ငန်း ဆောင်တာတွေက ဘာတွေလဲ -စားသောက်လိုက်တဲ့ အစားအသောက်တွေရဲ့ အရသာ […]

Read More

အမျိုးသမီးသားကြောဖြတ်ခြင်းအကြောင်း

အမျိုးသမီးသားကြောဖြတ်ခြင်းဆိုတာက တားဆေးသောက်တာ၊ ထိုးတာ၊ ကွန်ဒုံးသုံးတာ စတဲ့ သားဆက်ခြားနည်းလမ်းတွေထဲက နည်းလမ်းတစ်ခု ပဲဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင် သန္ဓေအောင်ရန်(ကလေးရရန်) အတွက် မမျိုးဥတစ်ခု(Ovum)ဟာ သားဥပြွန်ကို ဖြတ်သန်းသွားရပြီး သားအိမ်တွင် သုက်ကောင်နဲ့တွေ့ရပါတယ်။ သားကြောဖြတ်တယ်ဆိုတာက ထိုမမျိုးဥဖြတ်သန်းသွားရသောလမ်းကြောင်းဖြစ်သည့် သားဥပြွန်လေးတွေကို (Fallopian Tubes) ကို ဖြတ်တောက်ပြီး ထုံးထားလိုက်တာ  ဖြစ်ပါတယ်။ ဒီလိုဖြတ်တောက် ထုံးထားလိုက်တဲ့အတွက် မမျိုးဥဟာ သုက်ကောင်နဲ့ မတွေ့နိုင်တော့တာကြောင့် ကိုယ်ဝန်လည်း မရနိုင်တော့ပါဘူး။ သားကြောဖြတ်တာကို ဗိုက်ခွဲပြီး သားဥပြွန်တွေကို ဖြတ်တောက်ထုံးခြင်းဖြင့် လုပ်နိုင်သလို အခုနောက်ပိုင်း ခေတ်မှီလာတာနဲ့အမျှ -Hysteroscopic Method -Electrocautery/diathermy -Laser -Clips -Fallope ring စတဲ့နည်းလမ်းတွေနဲ့လည်း လုပ်နိုင်ပါတယ်။ သားကြောဖြတ်တယ်ဆိုတာက သားအိမ်ကိုပါ ထုတ်လိုက်တာ မဟုတ်တဲ့အတွက်  ပုံမှန်ရာသီသွေးကတော့ တစ်လတစ်ခါပေါ်ရမှာပါ။ သို့သော် […]

Read More