ရုံး၊ကျောင်း ထမင်းဘူး တွေ ကို ကျန်းမာရေးနှင့် အညီ ဘယ်လို ပြင်ဆင်ကြမလဲ???? ရုံး၊ကျောင်း ထမင်းဘူးထည့်တဲ့နေရာ မှာ သတိထားသင့်တာလေးတွေ မျှဝေပေးလိုက်ပါတယ်။ ဒီရက်ပိုင်းမှာ အလုပ်ရှုပ်လာတာ နှင့် အမျှ လူတော်တော်များများ ကလည်း ရုံး ထမင်းဘူးတွေ ကို သိပ်ပြီးအလေးထားပြီးမပြင်ဆင်ကြတော့ပါဘူး။ ဒါကြောင့် လွယ်လွယ် နဲ့ ရတဲ့ လက်သုတ်စုံတွေ အခုတလာ အစားများနေတဲ့ လက်ဖက်ထမင်းတွေ ဆိုင်မှာ အထပ်ထပ်နွှေး ထားတဲ့ ပာင်းနဲ့ ထမင်းကြော် တွေ အစားများလာပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတော့ လက်သုတ်စုံ တွေ ကတော့ ထုံးစံ အတိုင်း အခုလို မိုးရာသီမှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေပါတယ်။ အလွယ်တကူ ရတဲ့ လက်ဖက်ထမင်း အစားများရင်လည်း […]
Tag: ဒေါက်တာ ညီညီကျော်
ဝိတ်ချရင်းနဲ့ ဝိတ်မကျဖြစ်နေပြီလား????
ခေတ်ကာလ ပြောင်းလဲမှု့အရ လူတော်တော် များများ ကလည်း ကျန်းမာရေးကို ဂရုတစိုက် ရှိလာကြပါတယ်။ အဝလွန်ခြင်းရဲ့ ဆိုးကျိုးတွေကို သိလာတာ နှင့်လအမျှ လူ အများကလည်း ကျန်းမာရေးရှု့ထောင့်အနေနဲ့ ကော အလှအပရေးရာ ရှု့ထောင့် အနေနဲ့ပါ ဝိတ်လျှော့ လာကြပါတယ်။ အများစု အကြမ်းဖြင်း သိထားတာ ကတော့ ဝိတ်လျှော့ရင် အစားလျှော့ တာနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးပါ။ ဒီတစ်ခေါက်ဆောင်းပါး မှာတော့ ဝိတ်ချတဲ့နေရာ မှာ ပြောင်းလဲဖို့ လိုအပ်တဲ့ အမူအကျင့် လေးတွေအကြောင်း ကို ပြောပြပေးချင်ပါတယ်။ 1. ကယ်လိုရီ တွက်စားတတ်တဲ့ အကျင့်ကို လုပ်ပါ။ ကိုယ်ဘာစားစား ကယ်လိုရီ တွက်တတ်တဲ့ အကျင့် ကိုလုပ်ပါ။ အခုနောက်ပိုင်း မုန့်တော်တော် များများမှာ လည်း ကယ်လိုရီ တွက်ပြပေးထားတတ်ပါတယ်။ […]
မြန်မာပြည် မှာ လွဲမှားနေသောဝိတ်ချနည်းများ
ကျွန်တော် ဒီဆောင်းပါး ရေးဖို့တော်တော် လေးစဉ်းစားပြီး မှရေးတာပါ။ သူတစ်ပါးကို ပုတ်ခတ်သလို ဖြစ်မှာစိုးတာရယ်။ သူတစ်ပါးစီးပွားရေး ထိခိုက်မှာ စိုးတာရယ် ကြောင့်ပါ။ ဒါပေမဲ့ လူအများစု ဒုက္ခရောက် စေတဲ့ ကိစ္စ ဖြစ်နေလို့ တင်ပြပေးလိုက်ပါတယ်။ 1.ပိန်ဆေးတွေ ပါ – အခု Online မှာ ပိန်ဆေးတွေ အရမ်းကြော်ငြာ လာတာတွေ တွေ့ရပါတယ်။သတိထားစေချင်ပါတယ်။ တချို့ဆေးတွေမှာ သိုင်းရွိုက် ပောာ်မုန်း တွေ ထည့်ထားတဲ့ အတွက်အန္တရာယ် အလွန်များပါတယ်။ ထိုသို့ရောင်းချနေတဲ့ ပိန်ဆေး အများစု က မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေး အဖွဲ့အစည်း မှ ခွင့်ပြုချက်မရှိကြတာ လည်းများပါတယ်။ ဆရာဝန် တစ်ယောက် အနေနဲ့ ပြောရရင် မသောက်သင့်ပါဘူး။ ကမ္ဘာပေါ်မှာ ယနေ့ […]
တစ်နေ့ ကို ဆားဘယ်လောက် စားလို့ရလဲ????
ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ ထဲမှာ ဆားက မပါမဖြစ်ပါတတ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့မြန်မာ လူမျိုးတွေ က ဆားကို အခြား အိမ်နီးချင်း နိုင်ငံများထက်ပိုပြီးစားကြပါတယ်။ သာမာန် လူတစ်ယောက်အတွက် တစ်နေ့တာ စားသင့်တဲ့ ဆိုဒီယမ် (Sodium) ပမာဏ ပာာ 2300မီလီဂရမ် ထက်မပိုသင့်ပါဘူး။ တနည်းအားဖြင့်ပြောရရင် ထိုပမာဏ ပာာ ကျွန်တော်တို့ အသုံးပြုနေတဲ့အိမ်သုံးဆား လက်ဖက်ရည် ဇွန်းတစ်ဇွန်း နဲ့ ညီမျှပါတယ်။ သွေးတိုးသမားတွေ ကတော့ လက်ဖက်ရည်ဇွန်း သုံးပုံ နှစ်ပုံပဲ (Sodium 1500mg) စားသင့်ပါတယ်။ လေ့လာတွေ့ရှိချက်များ အရ မြန်မာ လူမျိုးတွေ စားသုံးနေတဲ့ ဆားပမာဏပာာ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၃ ဇွန်းလောက် က ပျမ်းမျှ ရှိနေပါတယ်။ ဒါကြောင့်လည်း […]
Detox Water (သစ်သီးရေစိမ်) တွေ က တကယ်ကော အကျိုးရှိ၊ မရှိ????
တကယ်တမ်း သစ်သီးတွေ မှာ အဖိုးမဖျက်နိုင်တဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ပါဝင်ပြီးသားပါ။ ဒါကြောင့် မို့လည်း ကျွန်တော် တို့ တစ်နေ့တာ ကို အသီးအရွက် ကို သတ်မှတ်ထားတဲ့ ပမာဏ ကို ပြည့်မီအောင်စားဖို့ အကြံအမြဲပေးဖြစ်နေတာပါ။ ဒါပေမယ့် အသီးတွေ ကို ရေစိမ်ပြီး ၁ရက်ကြာထားတာ၊ ဒါမှ မဟုတ် နာရီပိုင်း ကြာထားပြီး သောက်တာက တော့ ထွေထွေထူးထူး အကျိုးအာနိသင် သက်ရောက်မှု ရှိတယ် ဆိုပြီး ဖော်ပြထားတာတော့ မရှိသေးပါဘူး။ ဒါတွေ သောက်မယ့်အစား အသီးတစ်လုံး လတ်လတ်ဆတ်ဆတ် စားတာက ဗီတာမင် နှင့် သတ္တု ဓါတ်ပြည့်ဝ စွာပို ရနိုင်ပါတယ်။ နောက်တစ်ခု အခုနောက်ပိုင်း ခေတ်စားလာတဲ့ detox […]
နှစ်နှစ် အထက် ကလေးတွေ ကို နို့တိုက်မယ် ဆိုရင် ဘယ်လိုအချက်တွေကြည့်သင့်သလဲ????
နှစ်နှစ် အထက် ကလေးတွေ ကို နို့တိုက်မယ် ဆိုရင် ဘယ်လိုအချက်တွေကြည့်သင့်သလဲ???? အခု ကျွန်တော်တို့ မြန်မာ နိုင်ငံ မှာ ခေတ်ကာလ နှင့် အညီ မိဘတွေ ကလည်း မိမိတို့ကလေးငယ်တွေ အတွက် နို့ကို သတိတရ တိုက်လာကြပါတယ်။ ဒီတော့ နို့တိုက်တဲ့ နေရာ မှာသတိထား သင့်တဲ့ အချက်လေး တွေ ပို အကျိုးရှိမယ့် အချက်လေးတွေကို တော့ သိသင့်ပါတယ်။ အခုနောက်ပိုင်း နို့တွေက လည်း တံဆိပ်မျိုးစုံ နဲ့ ရောင်းလာကြပါတယ်။ တနိုင်တပိုင် နွားနို့ က အစစူပါမားကတ် တွေ မှာ ရောင်း တဲ့ fortified milk (အာပာာရထပ်ဖြည့် ထားသောနို့) တွေအထိရွေးချယ်စရာတွေရှိလာပါတယ်။Fortified Milk မှာ […]
Gluten free diet အကြောင်း သိကောင်းစရာ
Gluten free အစားအစာ က ဘယ်လိုလူတွေ မှာ စားဖို့လိုတာလဲ ဆိုရင် Coeliac disease နှင့် dermatitis herpetiformis ရှိတဲ့သူတွေမှာ စားဖို့လိုအပ်ပါတယ်။ Coeliac Disease ဆိုတာ က မွေးရာပါ gluten ပါတဲ့ အစားအစာတွေ စားမိရင် အူလမ်းကြောင်း ရောင်ရမ်းလာပြီး အာဟာရဓာတ်တွေ မစုပ်နိုင်တော့တဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါ သက်သာစေဖို့ အတွက်ကတော့ gluten မပါဝင်တဲ့ အစားအစာတွေ ရွေးစားပေးဖို့ လိုပါတယ်။ Dermatitis Herpetiformis ဆိုတဲ့ ရောဂါကတော့ လက်ဖျံ၊ ဒူး၊ တင်ပါးတွေ မှာ အရည်ကြည်ဖု လိုမျိုးတွေ ထွက်ပြီး အရမ်းယားတတ်ပါတယ်။ Gluten က ဘယ်မှာ ပါတတ်လဲ ဆိုရင် နှံစားပြောင်း၊ ဘာလီ၊ မုယော စတာတွေမှာ ပါပါတယ်။ Gluten free diet (Gluten မပါတဲ့ အစားအစာများ ) ကတော့ 1. အသား ငါး အမျိုးမျိုး 2. ပာင်းသီးပာင်းရွက် 3. သစ်သီးဝလံ 4. ပဲအမျိုးမျိုး 5. အာလူး 6. နို့ နှင့် နို့ထွက်ပစ္စည်းများ 7. ဥအမျိုးမျိုး 8. အစေ့အဆန် အမျိုးမျိုး (မြေပဲ၊ သီဟိုစေ့၊ နေကြာစေ့၊ ဗန်ဒါစေ့) 9. ကော်ဖီ၊ လက်ဖက်ရည် 10. သကြား ကြက်ဥ ကို အခြေခံထားတဲ့ Cream အမျိုးမျိုး 11. ဆန် စတာတွေ မှာ gluten မပါဝင်ပါဘူး။ Gluten free diet စားနေသူတွေ အနေနဲ့ ဘာတွေ ဆောင်သင့် ရှောင်သင့်လဲ???? 1. စူပါမားကတ်တွေမှာ မုန့်ဝယ်တဲ့ အခါ gluten free ဆိုတာမျိုးကိုရှာဝယ်ရမှာပါ။ မုန့်ထုပ်တိုင်းမှာတော့ gluten free ဆိုပြီး မပါလောက်ပါဘူး။ အထူးသဖြင့် ကိတ်မုန့် ပေါင်မုန့် ဘီစကွတ် ကွတ်ကီး စီရီယယ် လိုမျိုး gluten ပါလေ့ပါထ ရှိတဲ့ အစားအစာ လိုမျိုး ဆိုရင်တော့ gluten free ဟုတ် မဟုတ် မုန့်ထုပ်ပေါ်မှာ ရေးထားသလားကို ရှာဖတ်ပြီးမှ ဝယ်ယူစားသုံးသင့်ပါတယ်။ 2. နောက်တစ်ခု သတိထားသင့်တာကတော့ အသား ငါး တွေ က gluten မပါဘူး ဆိုပေမယ့် အဲ့ဒီ အသား ငါးတွေကို ပေါင်မုန့်ခြောက် နဲ့ ကပ်ကြော်လိုက်တာ မျိုးဆိုရင် gluten ပါကောင်းပါ နိုင်ပါတယ်။ ထို့နည်းအတူ အာလူးကိုလည်း ရိုးရိုးကြော်တာမျိုး မဟုတ်ပဲ အာလူး ကတ်သလိတ်လိုမျိုး လုပ်ပြီး ပေါင်မုန့်ခြောက်နဲ့ ကပ်ကြော်လိုက်တာ လိုမျိုးဆိုရင်လည်း gluten ပြန်ပါလာနိုင်ပါတယ်။ ဒါကြောင့် အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ coeliac disease နှင့် dermatitis herpetiformis ရောဂါရှိတဲ့ သူတွေ အနေနဲ့ကတော့ ဆိုင်တွေမှာရောင်းနေတဲ့ ပေါင်မုန့်ခြောက်နဲ့ ကပ်ကြော်ထားတဲ့ အသင့်စားကြက်ကြော် လိုမျိုးတွေ မစားသင့်ပါဘူး။ ဒါပေမယ့် ဆိုင်တွေ က gluten free ပေါင်မုန့်ခြောက် နဲ့ ကြော်တယ်ဆိုရင်တော့ စားနိုင်ပါတယ်။ အိမ်မှာလည်း ကိုယ်တိုင် gluten free ပစ္စည်းတွေ နဲ့ ချက်စားလို့ရပါတယ်။ 3. နောက် အရေးကြီးတာ ကတော့ ဂျုံကြမ်းပေါင်မုန့်၊ Whole grain ပေါင်မုန့် တွေကတော့ gluten ပါဝင်တဲ့အတွက် ရောဂါရှိသူများ အနေနဲ့ မစားသင့်ပါ။ 4. ဘီယာ မသောက်သင့်ပါ။ 5. နှံစားပြောင်း၊ ဘာလီ၊ ကွေကာအုပ်၊ မုယော က ထုတ်တဲ့ အချိုရည် နှင့် အခြားသောအားဖြည့် အစားအစာများ မစားသင့်ပါ။ Malted milk လိုမျိုးတွေကို ရှောင်ရပါမယ်။ 6. ဂျုံခေါက်ဆွဲ အစား ဆန်ခေါက်ဆွဲ ပြောင်းစားပေးပါ။ 7. စပါကတီလို ပါစတာ လို ခေါက်ဆွဲမျိုး ဝယ်မယ်ဆိုရင်လည်း gluten free တံဆိပ်ပါ မပါ ကြည့်ပြီးမှ ဝယ်ပါ။ 8. ရေခဲမုန့် ဝယ်ရင်လည်း gluten free တံဆိပ်ရှာဝယ်ပါ။ 9. သာကူပြင် လိုမျိုးရှောင်ပါ။ 10. ရေခဲမုန့်စားတဲ့ အခါမှာလည်း ခွက်နဲ့သာ ထည့်စားပါ။ ဝေဖာနဲ့ မစားပါနှင့်။ 11. တရုတ်ပဲငံပြာရည် ရှောင်ပါ။ လေးစားစွာဖြင့် […]
ဗီတာမင် A အကြောင်း သိကောင်းစရာ
ဗီတာမင် A ချို့တဲ့ရင် ဘာလက္ခဏာတွေ ဖြစ်မလဲ???? 1. အမြင်အာရုံ ချို့တဲ့ ခြင်း (အထူးသဖြင့် ညဘက် မှာ မမြင်ရတော့တာများပါတယ်။) 2. ကြာစူးလိုမျိုး အရေပြားပေါ်တွင် ပေါ်လာခြင်း 3. ဝမ်းခဏခဏလျှောခြင်း။ 4. အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များ ခဏခဏ ဖြစ်ခြင်း။ 5. အသားအရေ ခြောက်သွေ့ခြင်း။ 6. ဆံပင် ခြောက်သွေ့ခြင်း။ 7. လက်သည်း ခြေသည်းများ ကျိုးကြေလွယ်လာခြင်း။ 8. ကိုယ်ခံအား ကျလာခြင်းကြောင့် ဘတ်တီးရီးယား နှင့် ဗိုင်းရပ်စ် ရောဂါ ပိုးများ အလွယ်တကူ ကူးစက်ခံရခြင်း။ ဘယ်လိုလူမျိုးတွေ ဗီတာမင် A ချို့တဲ့ နိုင်လဲ???? 1. ကလေးငယ်များ 2. အသက်ကြီး အဖိုးအဖွားများ 3. အစာအိမ် နှင့် အူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများ ဘာတွေ စားရင် ဗီတာမင် A ကြွယ်ဝ မလဲ???? ဗီတာမင် A ဆိုတာကတော့ Beta-carotene, Retinol, Retinal, Retinoic Acid စတာတွေ ပါတဲ့ အစားအစာတွေ အသီးအနှံတွေ စားပေးရင် ရပါတယ်။ 1. အမဲအသည်း 2. မုန်လာဥနီ 3. ကန်စွန်းဥ အဝါ 4. ကိုက်လန် 5. ပန်းပွင့်စိမ်း 6. ပာင်းနုနွယ် 7. ကြက်ဥ 8. ရွှေဖရုံသီး 9. သရက်သီး 10. သင်္ဘောသီး 11. အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံများ လူတစ်ယောက်တစ်နေ့ကို ဗီတာမင် A ဘယ်လောက်လိုအပ်သလဲ???? လူကြီး တစ်ဦးလျှင် တစ်ရက်ကို အမျိုးသား – 900 mcg အမျိုးသမီး – 700 mcg ကိုယ်ဝန်ဆောင် – 750 – 770 mcg နို့တိုက်မိခင် – 1300 mcg အများဆုံး 3000 mcg ထက်မပိုရပါဘူး။ ကလေးငယ် တစ်ဦးလျှင် တစ်ရက်ကို မွေးစ မှ ၆ လ အထိ – 400 mcg ၆ လ မှ ၁ နှစ် အထိ – 500 mcg ၁ နှစ် မှ ၃ နှစ် အထိ – 300 mcg ၃ နှစ် မှ ၈ နှစ် အထိ – 400 mcg ၈ နှစ် မှ ၁၃ နှစ် အထိ – 600 mcg ၁၃ နှစ် မှ ၁၈ နှစ် အထိ – 900 mcg တစ်နေ့တစ်နေ့ ကို အခုပြထားတဲ့ ပမာဏ ထက်မပိုသင့်ပါဘူး။ ဥပမာ – မုန်လာဥနီ၊ ရွှေဖရုံသီး တို့ဆိုရင် တရုတ်ပန်းကန်းလုံး တစ်လုံး စားရင် လုံလောက်ပါတယ်။ – ကြက် အသည်း၊ အမဲ အသည်းတို့ ဆိုရင် လည်း 100 ဂရမ် (၆ ကျပ်သားခန့်) စားပေးရင် လုံလောက်ပါပြီ။ အားဆေးသောက်ကြတယ် ဆိုရင်လည်း Iranian A သို့မဟုတ် Beta-carotene ဘယ်လောက်ပါလဲ တစ်ချက်ကြည့်ပါ။ အပေါ်မှာ ဖော်ပြထားတဲ့ ပမာဏထက် ကျော်လွန်နေတာကို နေ့စဉ် သောက်သုံးမယ် ဆိုရင် ဗီတာမင် A အဆိပ်သင့်တာ ဖြစ်တတ်ပါတယ်။ ဗီတာမင် A အဆိပ်သင့် (Hypervitaminosis A) ရင် ဘယ်လိုခံစားရမလဲ???? […]
သင်တို့ တစ်နေ့တာလိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝစားဖြစ်ရဲ့လား
အခုလို နေထိုင်မှု့ပုံစံ ပြောင်းလဲတိုးတက်လာတဲ့ အလျှောက် စားသောက်တဲ့ ပုံစံ တွေကလည်း မတူညီတော့ပါဘူး။ အဲ့ဒီလို ပြောင်းလဲ လာသလောက် အာဟာရဆိုင်ရာ ချို့တဲ့မှုတွေ အများကြီးဖြစ်လာကြပါတယ်။ အစားအသောက်တွေ မှာ လည်း အတုလုပ်တာတွေ၊ ဓာတုပစ္စည်းတွေ သုံးလာတဲ့ အတွက်ကြောင့် ရသင့်ရထိုက်တဲ့ အာဟာရဓာတ်တွေ မရတော့ပါ။ ဒါကြောင့် သင့်တော်မယ့် အစားအသောက် ကျန်းမာရေး နှင့် ကိုက်ညီပြီး အာဟာရပြည့်ဝ မယ့် အစားအစာ တွေကို ရွေးချယ်စားသောက်တတ်ဖို့လိုပါတယ်။ အခြေခံ အစာအုပ်စု ဖြစ်တဲ့ Carbohydrate, Protein, Fat ကို မျှတအောင် စားပေးဖို့လိုတဲ့ အပြင် ဗီတာမင် နှင့် သတ္တုဓာတ်တွေလည်း ပြည့်ဝအောင် စားပေးဖို့လိုပါတယ်။ အရေးပါမယ် ထင်တဲ့ ဗီတာမင် နှင့် သတ္တုဓာတ် […]